အနောက်ရိုးမထဲက အုပ်ဂူဖြူလေး။
အနောက်ရိုးမ တောင်တန်းကြီးတွေ ပေါ်မှနေ၍ အိပ်တန်းဌက်တို့ အုပ်စုဖွဲ့ ပျံသန်းသွားကြချိန် ၊ သွေးနီရောင် တိမ်တိုက် တို့ အား တိမ်မဲများက တစတစ၀ါးမြိုနေချိန်..ရွာလေးရဲ့ အစွန်း မှာရှိတဲ့  ကိုးတောင်ပြည့်စေတီလေးရဲ့ခြေတော်ရင်း ဧရာဝတီ မြစ်ကမ်းနဖူးမှာ တရွာတည်း အတူနေချစ်သူများဖြစ်ကြသည့် မင်းသူ နှင့် နှင်းမေ တို့သည် ပခုံးယှက်လက်တင် ကြင်နာမှု့ အပြည့်တို့ဖြင့် အဝေးတနေရာကိုနှစ် ဦးသားငေးမောနေရင်း သက်ပြင်းတို့ သည်အခါခါ ချမိနေကြလေ၏။
ထိုချစ်သူနှစ်ဦးတို့ထံမှ တခါတရံ စကားသံတိုးတိုး ထွက်ပေါ်လာတတ်ပြီး တခါတရံမှာတော့ ရှိုက်သံသဲ့သဲ့ ထွက်ပေါ်လာတတ်သည် ။ ချစ်သူနှစ်ဦးပြောဆိုနေကြနေသည့်အကြောင်းကား…… “ ကိုကြီး..နှင်းမေလေ… ကိုကြီးကိုအရမ်းချစ်တယ်သိလား….”
“ ကိုကြီး လဲ သိပ်ချစ်ပါတယ် နှင်းမေလေးရယ်..ကိုကြီး တို့အတူနေကြဖို့ကိုလေ .. ကြိုးစားနေတယ်နေတယ် နှင်းမေလေးရဲ့ …ဟောဒီမှာကြည့် ကိုကြီးခြေဖ၀ါးမှာ နှင်းမေလေး နဲ့နောင်နှစ်မှာ အတူနေနိုင်ဖို့.. လယ်ယာ ချောင်းမြောင်းကြားမှာ… သွားလာပြီးငါးရှာဖားရှာခဲ့တာတွေကြောင့်…ခြေဖ၀ါးမှာ…ငုတ်စူးရာဘရပွဖြစ်နေတာ…..”
ပြောလည်းပြော မင်းသူမှာ နှင်းမေမြင်သာအောင် ခြေထောက်ကိုရှေ့ တိုးပြလိုက်သဖြင့်..နှင်းမေမှာ ငုံကြည့်လိုက် သဖြင့် နှင်းမေ ပါးစပ်မှ စုပ်သတ်သံလေးထွက်ပေါ်လာသည် ။
“ ဟုတ်ပါရဲ့ ….ကိုကြီးရယ်… ခြေမကြီးမှာလဲ သွေးညိုတွေဥ ပြီးရောင်နေပါလား…..”
“ တနေ့က လယ်စပ်က ညဖက်အပြန် ကန်သင်းပေါင် နဲ့  ခလုပ်တိုက်မိတာလေ….ဆေးရွက်ကြီးဝါးပြီး အုံထား ပါတယ်..နှင်းမေလေးရဲ့…စိတ်မပူပါနဲ့…နောက်ရက်ဆိုပျောက်သွားမှာပါ…..”
“ ညော်မိမခံနဲ့ နော် ကိုကြီး…တော်ကြာနေ ငန်းဝင်နေဦးမယ်….”
“ နှင်းမေလေး အဲလိုပြောလိုက်တာတောင်…အနာတ၀က်သက်သာသွားပြီ..နှင်းမေရဲ့ ….”
မင်းသူက ပြောပြောဆိုဆို နှင်းမေ ပါးလေးကို နမ်းလိုက်တော့…တိမ်တောက်ချိန်နဲ့အပြိုင် နှင်းမေ ပါးပြင်မှာ ပန်းဆီရောင်သမ်းသွားလေရဲ့ ….။
“ ဒီညလေ နှင်းမေ ကိုကြီး ကိုပြောစရာရှိလို့…ချိန်းလိုက်တာ…ကိုကြီးဆီက စကားတွေကြားရတော့.. နှင်းမေ ပြောမထွက်ဘူး….မပြောလဲမပြောရက်တော့ပါဘူးကိုကြီးရယ်….”
“ အော် နှင်းမေရယ်…ကိုကြီးကိုများပြောစရာရှိတာပြောမှပေါ့…နှင်းမေ ဘာပူစာချင်တာလဲပြော…ကိုကြီး ၀ယ်ပေးမယ်လေ….သရက်ထည်အဆင်ဆန်းလေးတွေလား…သနပ်ခါးလား..ပြောမြို့ကိုလူကြုံရှိရင်မှာပေးမယ်..”
“အဲဒါတွေ..တခုမှ မဟုတ်ဘူးကိုကြီးရယ်….”
ပြောပြောဆိုဆို နှင်းမေ မျက်နှာလေး ညိုးသွားပြီးအတန်ကြာငြိမ်သက်သွားသဖြင့်… မင်းလူမှာ နေမထိထိုင်မသာဖြစ်သွားကာ…
“ နှင်းမေလေးရယ်…ပြောမှပေါ့…နှင်းမေ မပြောရင်လေ…ကိုကြီးဘယ်သိပါ့မလဲ…ကဲပြော…ဟုတ်ပြီလား..”
“ နှင်းမေပြောရင် ကိုကြီး နှင်းမေကို စိတ်မဆိုးရဘူးနော်…”
“ ဟုတ်ပါပြီ ….နှင်းမေရယ်…မဆိုးရပါဘူးတဲ့ဗျာ…နှင်းမေ ကို ကိုကြီးဘယ်တုန်းက စိတ်ဆိုးဘူးလို့လဲ..ကဲပြော..”
“ ဟိုလေ..နှင်းမေကိုကြိုက်နေတဲ့ တယောက်ရှိနေတယ် သိလား… ရွာတောင်ဖက်က ကုန်စုံဆိုင်က မနန်းရဲ့  အကိုဝမ်းကွဲပေါ့…အသက်ကတော့လေးဆယ်ကျော်နြေ့ပီ….သူမြို့ကနေ..အလည်ရောက်နေတာ…တလလောက်ရှိပြီ…ပြီးခဲ့တဲ့ဥပုဒ်နေ့က ဆွမ်းချက်ဖို့  ဈေးသွားအ၀ယ်မှာ နှင်းမေ ကိုမြင်သွားပြီး…မနန်း ကတဆင့် ပြောခိုင်း လာတယ်…သူ ..နှင်းမေကို မေတ္တာရှိလို့ပါ..တဲ့…နှင်းမေက လက်ခံမယ်ဆိုရင်တော့.. နှင်းမေကို လာတောင်းပါ့မယ်တဲ့ …”
“..ဒါများ..နှင်းမေလေးရယ်…နှင်းမေ မှာ ချစ်သူရှိတယ် ပြန်ပြောလိုက်ယုံပေါ့.. ဟုတ်ဘူးလား….”
“ နှင်းမေကလေ…ဒီလိုတွေးမိတယ် ကိုကြီးရဲ့ ….သူ က အဘတို့ ကို လဲ လယ် ဧကနှစ်ဆယ်အပြင် နွား တရှဉ်းလဲပေးထားခဲ့မယ်…လက်ရှိ အိမ်လေးကိုလဲပြန်ပြင်ဆောက်ပေးခဲ့မယ်တဲ့…ကိုကြီး…အဲဒါလေ…နှင်းမေ စိတ်နှစ်ခွဖြစ်နေတယ်…လှေနံနှစ်ဖက်နင်းတယ်လို့လဲ အပြောမခံချင်ဘူး…သူ့ ကိုလဲလက်ခံချင်တယ်… ကိုကြီးကိုလဲ အရမ်းချစ်တယ်… သူ့ ကို လက်ခံလိုက်မယ်လို့ဆိုတာကလဲ..အဘတို့အသက်ကြီးနေပြီဆိုတော့ နှင်းမေ အဘတို့ရှေ့ ရေးအတွက်စိုးရိမ်တယ်…နောက် ကိုကြီးမှာကလဲ… အလုပ်အကိုင်က အဆင် မပြေနေတာဆိုတော့……”
“ တော်ပါတော့..နှင်းမေရယ်…ဆက်မပြောပါနဲ့ တော့….”
မင်းသူ ထံမှ စကားအဆုံးမှာတော့…. နှစ်ဦးလုံးဆီမှာ စကားသံထွက်မလာတော့ပဲ အသက်ရှုသံပြင်းပြင်းတွေသာ အတန်ကြာသည်အထိထွက်ပေါ်လာနေပါတော့တယ်….။ ထို အချိန်မှာနေလုံးမှာ အနောက်ရိုးမ တောင်တန်းတွေ ကြားမှာ လုံးလုံးပျောက်ကွယ်သွားပြီး.. မိုးရိပ်မိုးသားတို့ သည် တရိပ်ရိပ်ဖြင့် တက်လာနေသည် မင်းသူနှင့် နှင်းမေ တို့ နှစ်ဦးလုံးမှာ သတိမထားမိခဲ့ကြပေ..။
အတန်ကြာမှသက်ပြင်းရှည်ကြီးချသံကြားလိုက်ရပြီး..စတင်ပြောလာသူကတော့မင်းသူထံမှဖြစ်ပါတယ်…
“နှင်းမေ…ကိုကြီးနှင်းမေ ကိုအပြစ် မတင်ရက်ပါဘူးကွာ…တကယ်တော့  နှင်းမေ ပြောတာတွေ ဟုတ်ပါတယ်.. ကိုကြီးမှာ ဘာမှအဆင်သင့်မဖြစ်သေးတဲ့အချိန်..နှင်းမေလဲ အသက်အရွယ်ကြီးနေပြီ ဖြစ်တဲ့ မိဘတွေကို ကောင်းကောင်းမွန်မွန်ထားချင်ရှာမှာပေါ့…ကိုကြီးနားလည်ပါတယ်…”
“နှင်းမေ က အခုကိစ္စကို အဘတို့ ကိုတောင် ပေးမသိသေးဘူး ကိုကြီးရဲ့ ..”
“ အင်းပါ…ကိုကြီး နှင်းမေလေးအပေါ်မှာထားတဲ့မေတ္တာတရားကိုပြောပြမယ်…နှင်းမေလေးကို လေ ကိုကြီးထက် ငယ်တော့ ညီမလေးတလောက်လိုလဲချစ်တယ်…နောက်လေ..သမီးရည်းစား လိုလဲချစ်တာနှင်းမေလေးရဲ့ ..”
“ နှင်းမေက မြို့ ကိုရောက် သွားရင်လဲ ကိုကြီးကို အမြဲသတိရနေမှာသိလား…နှင်းမေချစ်တာက ကိုကြီးကိုပါ.. တကယ်တမ်းခွဲနေကြပြီဆိုရင်တောင် နှင်းမေ ကိုကြီးကို ခွဲနိုင်ပါ့မလားမသိဘူးကိုကြီးရယ်… နှင်းမေ ကိုကြီးကိုပဲချစ်တာ..ခုဟာကလေ………”
“..အင်းပါ….ကိုကြီးနားလည်ပါပြီ………ညီမ..လေးရဲ့ …..”
မင်းသူသည် နှင်းမေ ၏ ဆုံးဖြတ်ချက်ချပြီးသည်းအလား ပြောဆိုလိုက်သည့် စကားလုံးများကြောင့် ဆက်လက်ကြားလိုဟန်မရှိသည့်အတွက် စကားစဖြတ်လိုက်သော်လည်း.. မင်းသူ၏ စကားသံတို့ သည် အက်ကွဲဆွေးမြည့်သံ တို့ပါနေသည့်အတွက်အဆုံးတွင် တိုးဝင်ပျောက်ကွယ်သွားပြီး နှစ်ဦးသားထံမှ မည်သည့် စကားသံမှ ထွက်မလာတော့ပေ…။
ထိုအချိန်တွင် မြစ်ဖက်မှ လေကြမ်းကြမ်းတချက်ဝေ့လိုက်သည့်အတွက် ကိုးတောင်ပြည့်စေတီ၏ ဆည်းလည်းသံတို့သည် သူတို့နှစ်ဦးရှိရာသို့လွှင့်ပျံ့လာနေ၏ ။နှင်းမေလေးမှာ သူချစ်သည့် မင်းသူ အား ပိုမိုတင်းကျပ်စွာ ဖက်ထားလိုက်ပြီး ကလေးငယ်တဦးပမာ ဦးခေါင်းကို မင်းသူ ၏ ပုခုံးထက်တွင် တိုးဝှေ့ ကြည်စယ်နေသယောင်….။ အချိန်မည့်မျှကြာသွားသည်မသိ…မိုးသားမိုးရိပ်တို့မှာလည်း ကောင်းကင်တခုလုံးဖုံးအုပ်သွားပြီး ရွာဖက်ဆီမှာ မီးရောင် လဲ့လဲ့ ကိုသာ မြင်ရတော့သည် ။ နှင်းမေမှာ ပြန်ကြရန်အတွက် မင်းသူအား…
“ ကိုကြီး ပြန်ကြရအောင်လေ….” “ ဟင်…… ကိုကြီး ငိုနေတယ်ဟုတ်လား……”
မင်းသူမျက်နှာအား သူ့ဖက်သို့ ဆွဲလှည့်ပြီး ပြောလိုက်သည် ။ မင်းသူ၏ ကြမ်းတမ်းပြီး မဲညစ်ညစ် ဖြစ်နေသော မျက်နှာကြီးနှင့် မလိုက်ဖက် လှသော သမုဒ္ဒယမျက်ရည်တို့သည် မျက်ဝန်းများမှ တသွင်သွင် စီးဆင်းနေဆဲ……
“အင်း ..ကိုကြီးက နှင်းမေလေး မြို့ ကိုသွားနေရတော့ မယ်ဆိုတော့…တွေးပြီးပျော်လို့ပါ.. ကိုကြီး တခါမှ မရောက်ဘူးတဲ့မြို့ဆိုတာကြီးကို ညီမလေးသွားနေရတော့မှာ မို့ ၀မ်းသာမိတာပါ….”
မင်းသူမှာ ပါးစပ်ထဲရှိရာ အဆင်ပြေနိုင်မည့် စကားများကိုပြောဆိုမိသွားသော်လည်း… ယောင်္ကျားကြီး တယောက်ရဲ့  ခံစားချက်တို့ ပြင်းထန်စွားပေါက်ကွဲနေခြင်းကို မရှိက်ပဲ..ပွင့်အံ မထုတ်ပဲ.. ပါးပြင်ထက်က မျက်ရည်ကြောင်းကြီးတွေတော့ မတားဆီးနိုင်ခဲ့….
“ မငိုပါနဲ့ ကိုကြီးရယ် ကိုကြီးငိုတော့ နှင်းမေ လဲငိုချင်တယ်….”
ပြောပြောဆိုဆို နှင်းမေ ၏ မျက်ဝန်းများမှ မျက်ရည်တို့ သည်လည်းပိုးပိုးပေါက်ပေါက် ကျဆင်းလာခဲ့ လေတော့သည် ။
“ အော်…နှင်းမေလေးရယ်…မငိုရဘူးလေ….”
“ ဟင့်အင်း ငိုချင်လာပြီ…နှင်းမေ ကိုကြီး အပေါ် မတရားဘူးထင်တယ်….နှင်းမေ ဘာလုပ်ရမှန်း မသိတော့ဘူးကိုကြီးရယ်….”
“..နှင်းမေ……နှင်းမေ………သြော်…ညီမလေး…ရယ်…”
ချစ်သူနှစ်ထံမှာမျက်ရည်များ တားမရဆီမရ ကျဆင်းလာချိန်မှာပဲ…ညှာတာမှု မရှိပဲ သွန်းရွာလိုက်သော မိုးကြမ်းများအောက်မှာ ချစ်သူနှစ်ဦးတို့ မှာ တသိမ့်သိမ့်ငိုနေကြဆဲ…။
အားရအောင် ငိုကြွေးကြပြီးနောက်….မင်းသူထံမှ…..
“ ကဲ ညီမလေးကိုကြီးပြောမယ်……သေသေချာချာနားထောင်….ညီမလေး ဟိုလူကြီး ကမ်းလှမ်းလာတာကို လက်ခံလိုက်နော်… သိလား….ညီမလေး မြို့ ရောက်သွားရင် ကိုကြီး မကြာမကြာ အလည်လာခဲ့မယ်…သိလား… အဲကြရင် ကိုကြီး ကို ဘုရားတွေ ဖူးရအောင်လိုက်ပို့လေနော်…ညီမလေး မြို့ကိုရောက်သွားမှ ကိုကြီးလဲ…မြို့  ကဘုရားတွေ တ၀ဖူးရ မှာ…..ပြီးတော့……….ပြီးတော့… အို လိုက်သာလိုက်သွားပါ ညီမလေးရယ်… ဟုတ်ပြီလား. မကြာခင် ကိုကြီးလဲလိုက်လာခဲ့မယ်…ဟုတ်ပြီလား…လာထ..ပြန်ကြစို့ ညီမလေး…”
နှင်းမေ မှာ ကလေး တယောက်ကဲ့သို့  ….ရှိုက်ကြီးတငင်ငင် ငိုကြွေးရင်း…မင်းသူခေါ်ရာ ရွာ အပြန်လမ်း ဖက်ဆီသို့ လိုက်ပါသွားလေတော့သည်….။
———————————————————–။ ———————————————————-
နောက်တလခန့် အကြာမှာတော့….နှင်းမေ ရဲ့ မင်္ဂလာဆောင် ကို ရွာမှာ အကြီးကျယ်ဆုံး ကျင်းပတော့မှာမို့  ရွာခံကာလသားများရော လူကြီးလူငယ်များပါမကျန် ပျော်ရွင်နေကြပါတယ်…။
ထိုအချိန်မှာ မင်းသူ တယောက်မှာ မိုးလင်းက မိုးချုပ် မြစ်ရိုးချောင်းရိုးက မတက်ပဲ နှင်းမေ ရဲ့ မင်္ဂလာဆောင်မှာ ထိုက်ထိုက်တန်တန် လက် ဖွဲ့ ဖို့ အတွက် ကြိုးစားပြီးရှာနေလေရဲ့…သွားလေရာမှာ ပလိုင်းတလုံးအမြဲလွယ်ထားပြီး ပလိုင်း ထဲမှာတော့… လူမြင်မခံစေချင်တဲ့ တောအရက်မီးတောက် တလုံးကိုဆောင်ထားတတ်တယ်…။ လူတွေ နဲ့အဝေးဆုံးနေရာရောက်ပြီဆိုရင်ဖြင့် မီးတောက်အောင်ပြင်းတဲ့ အရက် ကို စိတ်ရှိသလောက်မော့ချလိုက်တာကို ဘယ်သူမှ သိလိုက်မှာ မဟုတ်ပါဘူး..။ မင်းသူရင်ထဲက အပူတွေနဲ့ လဲ မီးတောက်တောအရက်က မယှဉ်သာဘူးထင်ပါ့…။
ရွာထဲက ည လူသံတွေ တိတ်ဆိတ်ချိန်လောက်ကျ မှ မင်းသူ တယောက် ပလိုင်းကိုဆွဲ ရွှံ့တွေရေတွေ စိုစွတ်နေတဲ့အ၀တ်အစားတွေနဲ့ ရွာထဲကိုပြန်ဝင်လာတတ်ပါတယ်..။ ဒိနောက်…ရွာထိပ်က ငါးဒိုင်မှာ ရလာသမျှ ငါးတွေ ကိုရောင်းတယ်…သူအတွက်ကတော့ အရက်ပြင်းတလုံးဝယ်ပြီး ကျန်ငွေကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ သူနေတဲ့တဲလေးဆီပြန်လာတတ်ပါတယ်…တဲဆီပြန်ရောက် ရင်ဖြင့်အရင်ဆုံး သူ့ ရဲ ဘဏ်တိုက်ကြီး ဖြစ်တဲ့ ၀ါးဆစ်ဘူးကြီးကို အရင်ဆုံးမြေကြီးထဲကတူးပြီး လက်ထဲဆုပ်လာသမျှ ပိုက်ဆံတွေကို အကုန်ထည့် ပြီးတာနဲ့ မြေကြီးထဲပြန်မြုပ် ။ ပြီးနောက် မှာ ပုဆိုးပိုင်းလေးလဲဝတ်ပြီးတာနဲ့… အရက်ပုလင်းဆီလက်လှမ်းပြီး… ကုန်သည့်တိုင်အောင် မော့ချလိုက်ပြီ… လောကကြီးနှင့် တညတာ အဆက်ပျက်သွားပြန်ပါတော့တယ်…။ ဒီလို နဲ့ နှင်းမေ လေး မင်္ဂလာဆောင်မယ်နေ့ရောက်ခဲ့ပါပြီ…
တရွာလုံးမီးခိုးတိတ်ကျွေးမှာဆိုတော့..မနက်မိုးလင်းထဲကပြင်ဆင်နေလိုက်ကြတာ..ဓါတ်စက် ကိုလဲ မြို့  က အကောင်းဆုံးဆိုတာမှာ ဌားဖွင့်တာတဲ့…နှင်းမေလေးကိုလဲ ဆင်ထားလိုက်တာမှရွှေရောင်စိန်ရောင်တွေ တဖိတ်ဖိတ်နဲ့  မြို့ကဓါတ်ရှင်မင်းသမီးတွေ အတိုင်းဆိုပဲ.. မင်းသူ လန့် နိုးလာတဲ့အချိန်မှာ နားထဲကို တိုးဝင်လာ တဲ့အသံတွေ…
“ နှင်းမေလေးကို မြင်ချင်လိုက်တာ…နှင်းမေလေးရယ်…”
မင်းသူ နှုတ်မှတီးတိုးထွက်ပေါ်တဲ့စကားသံ…
တခဏ အတွင်းမှာ မင်းသူတယောက် တဲ ခေါင်းရင်းကိုပြေးသွားပြီး မြေကြီးတွေကိုလက်ကြမ်းကြီး နှစ်ဖက်နဲ့ တူးဆွကာ သူ့ ပိုင်ဆိုင်သမျှ တခုထဲသော တန်ဖိုးအကြီးဆုံး ၀ါးဆစ်ဘူးကြီးကိုတူးဖော်နေပြီး လက်ထဲ ရောက်လာတာနဲ့ ..သူ့ ဝတ်ထားတဲ့ပင်နီအင်္ကျီအဟောင်းကြီးနဲ့ မြေကြီးတွေ ကို ပွတ်တိုက်ဖယ်ရှား.. နေလိုက်တယ်..တဆက်ထဲမှာပဲ သူ့ တဲခြေရင်းမှာနေတဲ့  သူဘကြီးတ၀မ်းကွဲတော်စပ်သူထံသွားလိုက်ပြီး …
“ ဘကြီး နှင်းမေ မင်္ဂလာဆောင်သွားမှာ မဟုတ်လား…သွားရင် ကျနော် ရဲ့ နှင်းမေ အတွက်လက်ဖွဲ့  လေးကိုပေးပေးပါနော်…”
“ ငါ့တူရ မင်းလက်ဖွဲ့ ကြီးကလဲ ၀ါးဆစ်ဘူးကြီးပါလား…ကြည့်လဲလုပ်ပါမောင်ရင်ရယ်…”
“ ပေးသာပေးလိုက်ပါဘကြီးရာ….ကျနော်လက်ဖွဲ့ လို့သာနှင်းမေလေးကိုပြောလိုက်…ကျနော်က ချောင်းစပ်မှာ မြုံးတွေထောင်ထားတာ သွားဖော်ရမှာ မို့အပြန်နောက်ကျနေ ရင် မမီလိုက်ပဲနေ မှာစိုးလို့ပါ…။
“ အေးကွာ ထားခဲ့….”
မင်းသူလဲ ဘကြီးဖြစ်သူကိုနှုတ်ဆက်ဖို့တောင် သတိမရ ပဲ ရွာပြင်ကိုခြေလှမ်းကျဲကြီးမှာဖြင့် ထွက်သွာပါတော့တယ်…..။ ရွာပြင်နားက အရက်ချက်ဖိုရောက်တာနဲ့  ချက်အရက်မီးတောက် နှစ်လုံးကို အကြွေးဝယ်ကာတလုံးကိုခါးကြားထိုး ၊ တလုံးကိုဆက်တိုက်နီးပါး မော့ကာမော့ကာ ဖြင့် ရွာနှင့်အဝေးဆုံး ကို ဦးတည်ရာမဲ့  လှမ်းနေပါတော့တယ်…
———————————————————— ။ ——————————————————-
တရွာလုံးပျော်လိုက်ကြသည်ဖြစ်ခြင်း..။ တဦးတယောက်ကိုမျှော်နေသူကတော့ နှင်းမေလေး… လည်တဆန့်ဆန့် နှင့် သူ့ ရဲ့ အချစ်ဆုံးကိုကြီး မင်းသူ ပေါ်မလာသေးသည့်အတွက်ကြောင့် မျှော်နေမိသူ ။ မင်္ဂလာဆောင် ကျင်းပနေရာသို့ မင်းသူ ရဲ့ ဘကြီးဝမ်းကွဲ ရောက်လာတော့ နှင်းမေလေးမှာ အပြေးအလွှား မေးရသည် ။
“ ဘကြီး အစ်ကို မင်းသူရောဟင်….”
“ မင့် အကိုကွယ် မြုံးတွေ ဖော်စရာရှိလို့ ဆိုပြီးရေးကြီးသုတ်ပြာ နဲ့ ထွက်သွားလေရဲ့ ဘကြီး ကိုတော့ မင်းကိုလက်ဖွဲ့ ဖို့ဆိုပြီး ဒါကြီးပေးသွားတယ်..ဆက်ဆက်ပေးပေးပါတဲ့…မှာ သွားသေးတယ်…ဒီမှာရော့…..”
“ ဟင်ဝါးဆစ်ဘူးကြီးပါလား…..”
နှင်းမေ လှမ်းယူလိုက်တာကို သူတို့သားကြီးက မြင်သွားတော့ ….
“ အနှင်း…ဒီရွှံ့တွေ ပေကျံနေတဲ့ ၀ါးဆစ်ဘူးကြီးဘာလို့ ကိုင်နေတာလဲကွာ…လွှင့်ပစ်လိုက်… အ၀တ်အစားတွေ ပေကျံကုန်မှဖြင့်ကွာ……”
“ ဒါ..အနှင်း အကိုတယောက်က လက်ဖွဲ့လာတာ..”
“…ဘာ…..ဟားဟားဟား….အနှင်းလေးကတော့ ကွာ…လွင့်ပစ်လိုက်ပါ…ဘာမဟုတ်တဲ့..၀ါးဆစ်ဘူးကိုများ..”
သူတို့သားကြီးမှာ ၀ါးဆစ်ဘူးကိုယူကာ ထမင်းဟင်းများချက်ပြုတ်ရာနေရာဖက်သို့  လှမ်းပစ်ပေး လိုက်လေတော့သည်..။ အော်….အမြတ်တနိုး လက်ဖွဲ့ လာတာကိုတောင်မှ သေချာမြင်ခွင့်မ၇လိုက်တဲ့ နှင်းမေလေး ဘ၀ပါလား….၊ ဒီလို နဲ့ မင်္ဂလာဆောင်ပွဲကြီးသာ ပြီးဆုံးသွားတယ်…နှင်းမေလေးတွေ့ချင် နေတဲ့…ချစ်ရသူ..အချစ်ဆုံး ဆိုတဲ့ သူရဲ့ ကိုကြီး တယောက် ရောက်မလာနိုင်ခဲ့ပါ….။
—————————————-။——————————————————–
မိုးစက်မိုးပေါက်များ မျက်နှာပေါ်သို့ ကျဆင်းလာသည့်အတွက်မင်းသူ အသိတို့ပြန်လည် ၀င်ရောက်လာခဲ့သည် ။ မျက်စိတို့ ကချက်ချင်းဖွင့်မရသေး ပထမဆုံးသတိထားမိတာကတော့ လယ်ကွက်တခုထဲက ကန်သင်းရိုး မှာ ပက်လက်အနေအထားမှန်းသိလိုရသည် ။အားယူပြီးထလိုက်သည်.. မျက်စိနှစ်ကွင်းက ပွင့်လာသော်လည်းဘယ်အရာမှသဲကွဲစွာမမြင်ရ ။အချိန် ကိုလည်းမခန့်မှန်းတတ်တော့… မိုးတို့သည်လည်းသည်းထည်စွာရွာနေဆဲဖြစ်သည့်အပြင် ကောင်းကင်တခုလုံးမှာ လည်း မိုးကြိုးထစ်သံများ လျှပ်ပျက်သံများဖြင့်သာ ဆူညံနေလေ၏ ။
မင်းသူအားယူပြီးထလိုက်သည် ။ မတ်ရပ် ဖြစ်လာပြီးမှ ပစ်လဲကြသွားသည် ။ အရက်ဖြင့်သာအရာရာကိုမေ့ပျောက်နေခဲ့တဲ့ မင်းသူ..ခံနိုင်ရည်မရှိတော့..ရင်တခုလုံး မီးစနှင့်ထိုးထားသည့်ပမာ.. ပူလောင်နေလေရဲ့ …။ အရပ်ရှစ်မျက်နှာကို မှန်းမျှော်ကြည့်လိုက်သည် ။ လျှပ်စီးရောင်အောင်မှာ မသဲမကွဲ တွေ့  လိုက်ရတဲ့ ရွာ ဦးကစေတီ…။ ဟုတ်ပြီ သူရွာရောက်အောင်ပြန်မှဖြစ်မည် ။ မနက်ဆိုလျှင် နှင်းမေ တို့ မြို့ကို သွားကြတော့မယ်…နှင်းမေလေး စိတ်ချမ်းသာအောင် သူ သွားနှစ်သိမ့်စကားပြောရမည်။
မိုးရေထဲမှာပဲ ရွာရှိရာကို အားတင်းလျှောက်လာခဲ့ရသည် လမ်းတွင်မကြာခဏချော်လဲသောကြောင့် ခရီးကမတွင်…လဲလိုက်ပြန်ထလိုက်သွားလိုက် သည်လိုနှင့် ဆည်းလည်းသံ သဲ့သဲ့လေး နားထဲကို တိုးဝင်လာခဲ့သည် ။ မင်းသူ သိလိုက်ပြီ ရွာဦးက ကိုးတောင်ပြည့်စေတီ ထံမှ ဆည်းလည်းသံ…။
သည်လိုမိုးတွေရွာတွေချိန် ၊လောကကြီးတခုလုံးမှောင်မဲနေချိန် ၊ ဆည်းလည်းသံတွေကြားနေရချိန် မှာသူနဲ့ နှင်းမေလေးတို့ မိုးနဲ့အတူငိုခဲ့ကြဘူးတယ်…။ အဲဒီအချိန်မှာပဲ မင်းသူနားထဲကို စကားသံလေးတခု တိုးဝင်လာတယ်..ဘယ်အရပ်ဘယ်ဒေသကလာသည်တော့မသိ…..
……………….“ ကိုကြီး..နှင်းမေလေ… ကိုကြီးကိုအရမ်းချစ်တယ်သိလား….”…..” ……..”………….”……………”
မင်းသူ ပျော်သွားသည်..ပြီးနောက် ကျေကျေနပ်နပ် ကြီး တချက်ပြုံး လိုက်သည်…နူတ်မှလဲ မပီမသ စကားသံများ ဖြင့်………
……………….. “ ကိုကြီး လည်း….နှင်းမေလေးကို………..အရမ်း…ချစ်……………..”
……………………………………………………………
…………………………
…………..
……………………………………………………………… ။ …………………………………………………………………
“ ဘကြီး…အကိုမင်းသူ ကိုတွေ့ ရင်လေ… နှင်းမေ နှုတ်ဆက်သွားတယ်လို့ ပြောပေးပါနော်….ပြီးတော့လေ…မြို့  ကိုလဲ ဆက်ဆက် လိုက်လာခဲ့ပါလို့ ပြောပေးပါနော်….”
“.အေးပါ သမီးရယ်…စိတ်ချသွား မင်း အစ်ကိုကိုပြောပေးမယ် စိတ်ချ…..”
မြို့ ကို လိုက်သွားတော့  မယ် …နှင်းမေလေးကို တရွာလုံးကိုလိုက်ပို့ နှုတ်ဆက်နေကြတာ… အားလုံးက မျက်ရည်တွေ စို့ကာဖြင့်..တတွတ်တွတ်မှာနေတာတွေကတော့သူချစ်ရတဲ့ ကိုကြီးမင်းသူ… အတွက်သာ… သူ့မှာ ရတက်မအေးရှာ ဖြစ်နေတယ်လေ…သတို့သားလောင်းကနေခင်ပွန်းသည်ကြီးအဖြစ် ရယူနိုင်ခဲ့တဲ့ ကိုမြို့ သားကြီး မှာတော့…အရာရာ အားလုံးကို ပိုင်ဆိုင်ခွင့်ရသွားသည့်အတွက် အောင်နိုင်သူကြီး တယောက် အဖြစ် မထီပြုံးလား..လှောင်ပြုံးလားတော့ မသိ..ပိုင်ပိုင်နိုင်နိုင်ကြီးကို ပြုံးနေနိုင်ခဲ့တယ်…။ သူမပိုင်ဆိုင်လိုက်ရတဲ့ နှစ်လုံးသွေးကြောတွေထဲ က အချစ်စစ်တွေကိုတော့ သူမရခဲ့တာကို သိခဲ့ဟန်မပေါ်…
တရွေ့ ရွေ့ နဲ့ ရွှေမြို့ တော်ကြီးဆီသို့  ရောက်ဖို့အတွက် နှင်းမေ တို့ ဇနီးမောင်နှံ ခရီးအဆင့်ဆင့် ထွက်ရန်ရွာမှာ ထွက်ခွာသွားကြလေပြီ……။ မြင်ကွင်းမှပျောက်ကွယ်သွားတော့မှပဲရွာသားတွေ အားလုံးလဲ မိမိတို အိမ်များသို့  ပြန်ရန်ပြင်ဆင်နေစဉ်မှာပဲ………..
“ ……….မင်း သူ အလောင်းကို ရွာ အပြင်စေတီ နားမှာ တွေ့ခဲ့တယ်တဲ့ဟေ့………….”
တဆင့်စကားတဆင့်နားဖြင့် မင်းသူအလောင်းရှိရာ သို့ သွားရောက်ကြပြီး…ကြည့်ကြသည် ။မိုးရေတွေရွဲရွဲ စိုကာ…ဘေးတစောင်းအနေအထားဖြင့် သေဆုံးနေသော မင်းသူ ကိုတွေ့ လိုက်ကြရသည် ။ ထူးခြားမှု့ တခုက မင်းသူ မျက်နှာမှာ ပြုံးနေသယောင်ယောင် ဖြစ်နေသည် ။
“ ရွာပြင်မှာသေတာ..ရွာထဲ မသယ်ကောင်းဘူးကွာ…ရွာပြင်မှာပဲထားပြီး..သဂြိင်္ုလ်လိုက်ကြရအောင်….”
သေတဲ့တိုင်အောင် လူတွေနဲ့ ဝေးရာမှာနေနိုင်ခဲ့တဲ့ မင်းသူပါလား………
ဒီလိုနဲ့ မင်းသူ ရဲ့ တဲလေး မှာပဲ သူရဲ့ နာရေးအိမ်လုပ်လိုက်ကြတော့ လာကြသူများကို ဧည့်ခံရန်အတွက် ရပ်ရွာမှ စုပေါင်းပြီး လုပ်ကြကိုင်ကြပေါ့..
“….တနေ့ က ပိုနေသေးတဲ့ ထင်းတွေ ကို သယ်သွားလိုက်ပါကွာ…လိုရာသုံးကြပေါ့….”
နှင်းမေရဲ့ အဘ က နိုင်သမျှကူညီသည့်သဘောဖြင့်ပြောလာသည် ။ရွာသားများ လည်း ထင်းများကိုသယ်ယူပြီး
ရေနွေးတည်ဖို့ လုပ်နေစဉ်…မီးဆိုက်ရန်အတွက် ရွာသားတယောက် က ၀ါးဆစ်ဘူးကြီး ကိုခွဲလိုက်တော့……..
“……ဟာ အထဲမှာ ပိုက်ဆံတွေအများကြီးပါလားဟေ့…..ဒါ….ဒါ….စုဘူးကြီးပဲ ဟ…လာကြည့်ကြပါဦး…..”
ရွာသားတယောက် အော်ပြောလိုက်သံကြောင့် လူတွေ အပြေးအလွှားသွားကြည့်ကြတော့….မင်းသူရဲ့ ဘကြီးက မြင်တွေ့သွားပြီး………….
“ ဒါ မင်းသူ က ငါ့ ကို နှင်းမေ မင်္ဂလာဆောင်မှာလက်ဖွဲ့ ခိုင်းလိုက် တဲ့…..၀ါးဆစ်ဘူးကြီးပဲ…..အော်ဒါကြောင့် မင်းသူက ဆက်ဆက် ပေးပေးပါလို့  ပြော သွားတာကိုး…….အော် မင်းသူ…..မင်းသူ……….”
အဖြစ်မှန်ကို အားလုံးသိလိုက်ရတဲ့အချိန်မှာ တရွာလုံးစိတ်မကောင်းနိုင်ကြတော့……..
နောက်ဆုံးမှာတော့….မင်းသူ ရဲ့ ပိုက်ဆံတွေနဲ့ပဲ ရွာဦးကစေတီ ကို ထုံးသင်္ကန်းပြန်ကပ်ကြတယ်… သူ့အလောင်းကိုတွေ့ခဲ့တဲ့နေရာမှာပဲ…..မင်းသူအတွက် အုတ်ဂူဖြူဖြူလေးတလုံးကို… တည်ထားပေး လိုက် ပါတော့တယ်…..။
ရွာသားတွေ ရဲ့  ရင်ထဲမှာတော့ မင်းသူရဲ့  အုတ်ဂူလေးကိုတွေ့ လျှင်ဖြင့် သတိရနေကြတုန်း………. မျက်ရည်ဝဲနေကြတုန်း…. အမျှပေးဝေနေကြတုန်းပါပဲ……….
မင်းသူ…………
ရယူလိုမှု့ ထက် ပိုပြီးပေးဆပ်နိုင်ခဲ့တဲ့…..မင်းသူ……..
လောကကြီးကို အရက်ပုလင်းတလုံးနဲ့ ပျော်ပျော်ကြီးအန်တုနိုင်ခဲ့တဲ့ …….မင်းသူ…….
ခံစားချက်တွေကို.. မရှိုက်ပဲ..အန်မထုတ်ပဲ…သမုဒ္ဒယ မျက်ရည်တွေအဖြစ်..ပြောင်းနိုင်ခဲ့တဲ့………မင်းသူ……..
ဘ၀ တခုလုံးနဲ့ ရင်းပြီး ရယူနိုင်ခဲ့တဲ့ အပြုံး တခုကို နောက်ဆုံးထွက်သက်ထိရယူနိုင်သွားခဲ့တဲ့…. မင်းသူ…….
မင်းသူရေ……….အမျှ….အမျှ….အမျှ………………. ။ ။

ကျွန်တော်နဲရာဘာခြံ အတွေအကြုံ အပိုင်း(၄)
ငါခုန မူးပြီး အိပ်ပျော်နေတာမလား၊ ခုဘယ်လိုဖစ်လို့ ဒီဝါးရုံတောထဲ ရောက်နေရတာလဲပေါ့ဗျာ။ ။ အကိုတွေက နောက်မှ ပြန်ပြောကြတာ။ ၀ူး…မလွယ်ပါဘူးဗျာ။ တောထဲ၊ တောင်ထဲ သွားရတာ ။ ဒီလိုနဲ့ ၀ါးရုံပင်အောက်မှာ တောခြောက်ခံရပြီးနောက်မှာ ကျွန်တော်တို့ ညီအကိုတွေ တောင်ချွန်းပေါ်ကို သွားပြီး အရက်သွားသောက်ကြတယ်။ ကိုသော်ရားကတော့… ကိုပြည့်ဝင်းတဲမှာ ထားခဲ့လိုက်ရတယ်။ နှလုံးတွေ အရမ်းခုန်လို့လေ။ သူ့ကို အိပ်ခိုင်းလိုက်ရတယ်။ ကိုပြည့်ဝင်းကတော့ ကျွန်တော်တို့နဲ့ အတူတူ အရက်လာသောက်တယ်ဗျ။ သောက်ကြတဲ့ အချိန်မှာ နေ့လည် ၁၂ ကျော်နေပြီဗျာ။ လူတွေကလည်း ဗိုက်က ဆာနေကြတာပြောမနေပါနဲ့ တော့။ ဖြစ်ချင်တော့ ကျွန်တော်ညီ ကျော်ကျော်အောင်နဲ့ မိုက်ကယ်စတီးက ကိုပြည့်ဝင်းအိမ်က ထမင်းအိုးကြီး သွားယူလာတယ်။ ကြိတ်လိုက်ကြတာဗျာ ။ သောက်လိုက် စားလိုက်၊ ထမင်းတီးလိုက်နဲ့။ ယုန်သားကင်ကလည်း လွှတ်ကို ကောင်းသဗျို့ ။
ဒီလိုနဲ့ ညနေ လေးနာရီလောက်ကျမှာပဲ လူတွေက ပြန်ဖို့ သတိရကြတယ်။ မူးတာကလည်း တော်တော်မူးနေကြပြီလေ။ ကျွန်တော်ဆို ချာချာလည်နေပြီ။ ဟီး ။ တောအရက်ကလည်းဗျာ။ တစ်ဖြည်းဖြည်းခြင်းတတ်တာနော်။ “၀ုန်း” ဆိုပြီး ဆောင့်တတ်တာမဟုတ်ဘူး။ အ၀င်ကလည်း နည်းနည်းဆိုးတယ်။ ဒါပေ့မယ် သောက်သောက်ပြီးခြင်း ယုန်သားဖတ်လေး ကောက်ဝါးလိုက်ရင် အခါးဓါတ်က ဘယ်ပျောက်သွားမှန်း မသိပါဘူးဗျာ။ ဟီး ။ ချိုစိမ့်သွားတာပဲ။ ဖြစ်နိုင်ရင်တော့ ကျွန်တော်တို့ ဆက်ပြီးထိုင်နေချင်တာ။ သို့ပေမယ် သိတယ်မလား၊ တောရိပ်၊ တောင်ရိပ်က ညနေငါးနာရီ၊ ခြောက်နာရီလောက်ဆို မှောင်လာတတ်ပြီလေ။ ပြီးတော့ မိုးလေးကလည်း ခပ်စွေစွေဆိုတော့ဗျာ… အပြန်လမ်းနဲ့က သိပ်မသင့်လျော်တာနဲ့ အလင်းရောင် ရှိတုန်း ကျွန်တော်တို့ ပြန်ချလာတယ်။ ကျွန်တော်ညီ ကျော်ကျော်အောင်က ဆိုင်ကယ်မောင်းလို့ မရတော့ဘူး။ ကျွန်တော်ပဲ မောင်းလာရတယ်။ လမ်းမှာ ကျန်တဲ့ ညီအကိုတွေ ဆိုင်ကယ်တွေမှောက်ကြသေးတယ်။ ဒီလမ်းကတော့ဗျာ… မမှောက်ဘူးဆိုတာ ရှားပါတယ်။ တစ်ခေါက်လောက်တော့ မှောက်ကြတာပဲ ဟီး ။
ရွှေကျင်မြို့ထဲ ပြန်ရောက်တော့ ကျွန်တော်ရယ်၊ ကျော်ကျော်အောင်ရယ်၊ စတီး ရယ်၊ သုံးယောက်ပဲရှိတော့ တယ်။ မူးမူးနဲ့ မောင်းတာဆိုတော့ဗျာ။ ဆိုင်ကယ်ကို အရမ်းကြီး မမောင်းချင်တာနဲ့ ဇိမ်လေးနဲ့ မောင်းလာတာ။ တစ်ချက်၊ တစ်ချက်ဆို မျက်စိက မှိတ်တိတ်၊ မှိတ်တိတ်ရယ်။ မတိုက်မိအောင်၊ လမ်းမချော်အောင် မနည်းမောင်းချလာရတယ် ။ မြို့ထဲအိမ်ရောက်တော့…တန်းပြီး ရေမိုးချိုး။ ထမင်းထပ်တုတ်။ ပီးတာနဲ့ အိပ်တာပဲခင်ဗျ။ အမတွေကတော့ ရိပ်မိပါတယ်။ အနော်တို့ သောက်လာတယ်ဆိုတာ။ သိုပေ့မယ်ဗျာ ဘာပြောမလဲ။ ဒီလိုကိစ္စက ၂၀ ကျော်ရင် ရှိတတ်သမြဲပဲလေ။ တစ်ခါတစ်လေဆိုတော့လည်းလွှတ်ထားကြတယ်
ဆိုပါတော့။ ဟီး ။ အဲဒီညကဗျာ အိပ်လို့ ကောင်းလိုက်တာလေ။ မပြောပါနဲ့ တော့။ လူက တစ်နေကုန် ပင်ပန်းထားတာဆိုတော့..
ကိုင်ရိုက်ထားသလိုပဲဗျာ။ တစ်ကိုယ်လုံးတော့ နာနေတာပဲ။ ဒါပေ့မယ် ခလူး၊ ခလောနဲ့ နှပ်တာ။
ဒီလိုနဲ့ နောက်တစ်နေ့ မိုးလင်းတော့…လူက ခေါင်းနည်းနည်း ကိုက်ချင်နေတယ်။ ဒါပေ့မယ်ဗျာ… ခြံထဲသွားရမဲ့ အလုပ်က ရှိသေးတော့..
စောစောထပြီး လစ်ရတာပဲ။ အယ်! ကျွန်တော်ညီ စတီးဆိုတဲ့ ကောင်ကလည်း သူ ကျွန်တော်ခြံထဲ လိုက်လုပ်ပေးချင်တယ်ဆိုလို့ ဆိုင်ကယ်နဲ့ တင်ခေါ်လာလိုက်တယ်။ ကျွန်တော်တို့ အဖွဲ သုံးယောက်ဖြစ်သွားတယ်ပေါ့ဗျာ။ ဒီလိုနဲ့ ခြံထဲရောက်တော့ အလုပ်သမားတွေလည်း ရောက်နေကြပြီ။ အဖိုးပိုးပိုးလည်း ရောက်နေပြီ။ ကျွန်တော် ခြံထဲကို လိုက်စစ်တော့…အဖိုးက အပင်ကြီးတွေ ကျွန်တော် ခုတ်ခိုင်းထားတာကို တစ်ပင်မှ မခုတ်ထားဘူးဗျ။ အလုပ်သမားတွေကလည်း တစ်ပင်မှ မခုတ်ထားဘူးဗျာ။ ၀ါးရုံပင်တွေကလည်း ဒီအတိုင်းပဲ။ အဲဒါ ကျွန်တော် ညီတွေနဲ့ ကျွန်တော်နဲ့ လက်စွမ်းပြလိုက်၇တယ်။ ငုတ်တစ်ချို့လည်း ပြန်လိုက်ခုတ်ရတာပေါ့ဗျာ။ အလုပ်သမားတွေက ခြံကာတာ မပြီးသေးတာနဲ့ ခြံဆက်ကာနေကြတယ်။ အဖိုးကတော့… ခြံကာပြီးရင် အပင်စိုက်တဲ့ အခါလိုတဲ့ နွားချေး၊ ဆိတ်ချေး စတာတွေ လိုက်ရှာနေတယ်။ ခြံကာပြီးရင် ၀ါးခြမ်းထိုးဖို့ ၀ါးလုံးတွေလည်း သူလိုက်မှာနေတယ်။ ကျွန်တော်ခြံကို ကျွန်တော်က သံဆူးကြိုးလေးကြိုးနဲ့ ပတ်ပတ်လည်ကာပြီး ၀ါးခြမ်းနဲ့ ရက်ခြင်တာကိုးဗျ။ ဆိတ်မ၀င်၊ နွားမတိုးနိုင်အောင် လုပ်ခြင်တာ။ အဲဒါမှာ အပင်စိုက်တဲ့အခါမှာ လုံခြုံမှုရှိမယ်လေ။ ရာဘာပင်က သူ့ အရွက်တွေကို နွားတွေ၊ ဆိတ်တွေ၊ ယုန်တွေ ၀င်ခဲ(စား) လိုက်ရင်ဗျာ…ဘာဖြစ်လဲ မသိပါဘူး။ အပင်က မတတ်တော့ဘူးရယ်။ အဲဒါကြောင့်လည်း ပါတယ်။ သေသေချာချာလုပ်ချင်တယ်ဆိုပါတော့ဗျာ။ ဒီလိုနဲ့ မနက်ကတည်းက အပင်တွေလှဲ၊ ပြီးရင် ရှင်း၊ ငုတ်တွေ လိုက်ခုတ်၊ တောကျန်နေတာ ထပ်ရှင်းနဲ့ ဘယ်လို၊ ဘယ်လို နေ့လည် ၁၁ နာရီထိုးသွားလဲ မသိပါဘူးဗျာ။ အလုပ်သမားနားချိန်ကျတော့ ကျွန်တော်တို့လည်း ထမင်းတွေဘာတွေ စားပြီး၊ နားနေလိုက်ကြတယ်။ အဲဒီအချိန်မှာ အဖိုးပိုးပိုး ကို ကျွန်တော်ပြောနေတာ၊ ခြံထဲမှာ သီဟိုဋ်ပင်တစ်ပင်ကျန်နေသေးတယ်နော်လို့။ အဲဒီအပင်ကို ခုတ်ပါနော် ဆိုပြီးလေ။ ကျွန်တော် အဖိုးက ပါးစပ်ကသာ “အင်း” လုပ်တာဗျ။
အဲဒီအပင်ကို ထိချင်တဲ့ စိတ်တောင်မရှိဝူးထင်တယ်။ အပင်ခုတ်ရမယ်ဆို သူဘာဖစ်နေမှန်းမသိပါဘူးဗျာ။ သူခုတ်ရတာလည်း မဟုတ်ဘူး။ အလုပ်သမား ခိုင်းလည်း ရတဲ့ ကိစ္စကို။ အခုဆိုရင် အပင်ဆိုလို့ အဲဒီ သီဟိုဋ်ပင်တစ်ပင်ရယ်။ ခြံစည်းရိုးနားက ညောင်ပင်လေးတွေရယ်ပဲ ကျန်တော့တာ။ ညောင်ပင်ကတော့ ကိုင်းတွေကို၊ ကိုယ့်ဘက်မလာအောင် ခုတ်ချလို့ရပါတယ်။ သီဟိုဋ်ပင်ကတော့ ရှင်းထုတ်ရမှာ။ အခုဆိုရင်ဗျာ…. ကျွန်တော်ခြံက တောကြမ်းကြီးကို ရှင်းပြီးသား ဖြစ်သွားပြီလေ။ အပင်စိုက်ဖို့ လိုင်းတွေလိုက်ထိုးဖို့ပဲ လိုတော့တာ။ မိုးရွာနေရင်တော့ မိုးအုံနေလို့ သိပ်မသိသာပေ့မယ်၊ နေပူတယ်ဆိုရင် အရိပ်မရှိတော့ဘူးရယ် ။
ရှိသမျှ အပင်တွေ လိုက်ချိုင်နေတော့။ အဲဒီ သီဟိုဋ်ပင်တစ်ခုပဲ အရိပ်ဆိုလို့ ရှီတော့တယ်။ ဒါပေ့ မယ် အရိပ်ရှိတော့ အလုပ်လုပ်ရမဲ့ သူတွေက အဲဒီအရိပ်ထဲမှာပဲ အောင်းနေပြီးတော့ အလုပ်က သိပ်မတွင်ချင်ဘူးရယ် ။ ဒါကြောင့် ခုတ်ချချင်တယ်ဆိုပါတော့ဗျာ။
အဲဒီ အပင်ကိစ္စပြောပြီးတဲ့နောက် ညနေပိုင်းမှာ ကျွန်တော် ခြံထဲကို မသွားဖစ်တော့ဘူး။ အပင်စိုက်ဖီု့ အတွတ် ပျိုးပင်တွေ သွားဝယ်နေလို့လေ။ ပျိုးပင်ရောင်းတဲ့ သူတွေကလည်းဗျာ။ အများကြီးရှိတယ်။ အဲဒီထဲကမှ ကိုယ်က သေချာ စိစစ်ပြီး ရွေးဝယ်ရတာ။
ရောင်းသူ သုံးလေးယောက်ဆီလောက် သွားစုံစမ်းဖြစ်တယ်။ နောက်ဆုံး စနစ်တကျနဲ့ သေသေချာချာ စိုက်ပျိုးထားတဲ့လူ ဆီမှာ ၀ယ်လိုက်တယ်။ အပင် (၄၀၀) ၀ယ်လိုက်တယ်ဗျာ။ တစ်ပင်ကို (၅၀၀) ကျပ်နဲ့လေ။ ပြီးတော့ ရာဘာမျိုးတွေက အများကြိးရှိတာပဲဗျာ။
24 ၊ 260၊ ဒီလိုမျိုးတွေပေါ့။ ကျွန်တော်လည်း သိပ်မသိဘူး။ ဒါပေ့မယ် ရွှေကျင်ရာသီဥတုနဲ့ ကိုက်ညီတဲ့ဟာက 260မျိုး လို့ သိရတာနဲ့ ကျွန်တော် အဲဒီ 260 ချည်းပဲ ယူလိုက်တယ်။ ပျိုးပင် ကိစ္စပြီးတော့… အပင်စိုက်ရင်လိုအပ်တဲ့ ကျင်းတူးဖို့ ကိစ္စကို အဖိုးနဲ့ တိုင်ပင်ဖြစ်တယ်။ အဖိုးက နေ့စားတွေကို တူးခိုင်းစေချင်တယ်။ ကျွန်တော်က ပုဒ်ဖြတ်ပေးချင်တယ်။ အချိန်တွေက မကျန်တော့ဘူးလေ။
အခုတောင် မိုးကတော်တော်ရွာနေပြီဆိုတော့…တွင်းတူးတာကို နေ့စားသမားတွေက ဇိမ်နဲ့ လုပ်နေရင် ငတ်ကုန်မှာပေါ့။ အဲဒါကြောင့် ကျွန်တော် ပုဒ်ဖြတ် ငှားခိုင်းလိုက်တယ်။ ပြီးတော့ တွင်းမတူးခင်မှာ ပနက်တိုင်ရိုက်ရသေးတယ်ဗျ။ အဲဒါ ပညာပါတယ်။ ပနက်ရိုက်တတ်တဲ့ လူကို ခေါ်ပြီး ကိုယ်ခြံထဲမှာ ပနက်ရိုက်၊ ပြီးရင် ပနက်တိုင်တွေ လိုက်စိုက်။ အဲဒီ ပနက်တိုင် အတိုင်း တွင်းတွေ လိုက်ပေါက်ရတာ။ အဲဒီတော့မှ အပင်စိုက်ပြီဆိုရင် ကိုယ့်အပင်တွေက ဘယ်က ကြည့်ကြည့် တစ်ဖြောင့်တည်း ဖြစ်နေတာ။ စိုက်ချင်သလို စိုက်လို့မရဘူး။ ဒီလိုမျိုးတွေပေါ့ဗျာ။ ရာဘာစိုက်တယ်ဆိုတာလည်း တကယ်တမ်း မလွယ်ပါဘူးဗျာ။ ဘေးကကြည့်ရင်သာ ရှင်းသလို၊ ဘာလိုလိုနဲ့ ၀င်လုပ်ကြည့်မှ တော်တော် ခေါင်းကိုက်ရတာရယ်။ ၀ူး လွယ်ပါဝူး။ ဒီလိုနဲ့ ညနေပိုင်းမှာ ကျွန်တော် စီစဉ်ထားတာတွေ အားလုံး အဖိုးကို လွှဲခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်ကပါလာတဲ့ ပိုက်ဆံက မလောက်တော့ဘူးဗျ။
အဲဒါ အမေဆီ ပိုက်ဆံပြန်ယူရမှာဆိုတော့… အဖိုးကို အစီအစဉ်တကျ အလုပ် ဇယားဆွဲပေးခဲ့တယ်။ ဘယ်နေ့၊ ဘာလုပ်၊ ဘယ်နေ့ ဘာလုပ်ပေါ့ဗျာ။ ကျွန်တော် ပြန်ရောက်တဲ့ နေ့မှာ အပင်က တွင်းထဲအကျ ဖြစ်နေပြီ။ ဒီလိုနဲ့ အဲဒီတစ်နေ့ကုန် သွားပြန်ရောဗျာ။
နောက်တစ်နေ့မနက်မှာ ကျွန်တော် ရန်ကုန်မသွားခင် ခြံကို တစ်ချက် ၀င်စစ်ခြင်တာနဲ့…ကျော်ကျော်အောင်ကို ခေါ်ပြီး ခြံထဲ သွားလိုက်တယ်။ ခြံထဲမှာ အလုပ်သမားတွေကတော့ အလုပ်လုပ်နေကြတာပါပဲ။ တစ်ချို့က သံဆူးကြိုး ကာနေတယ်။ တစ်ချို့က ခြောက်ပေလိုင်းဖော်နေတယ်။ အဲဒီခြောက်ပေလိုင်းအတိုင်း အပင်စိုက်ရမှာဆိုတော့ သူတို့ သေသေချာချာ လုပ်မလုပ် ကြည့်နေတာ။
အဖိုးက ဘာလုပ်နေလဲ သိလား? ။ သီဟိုဋ်ပင်အရိပ်အောက်မှာ ဇိမ်နဲ့ဗျာ။ မိန့်မိန့်ကြီး ရပ်လို့။ ကျွန်တော်က “ဟာ အဖိုး၊ ဒီသီဟိုဋ်ပင် မခုတ်သေးဘူးလား” ဆိုတော့…သူက “အာ ၊ ခုတ်မှာပေါ”၊ ဘာညာနဲ့ဗျာ၊ စကားလမ်းကြောင်းကို လွှဲချလိုက်တယ်။ စကားတွေ လိုက်လွှဲပြီးပြောနေတာ။ အဲဒါ ကျွန်တော်က စိတ်မရှည်တော့တာနဲ့…အလုပ်သမားတစ်ယောက်ကို ခေါ်ပြီး အဲဒီအပင် တတ်ခုတ်ဗျာ ဆိုပြီး ခိုင်းလိုက်ရတယ်။ အပင်ကတော်တော် မြင့်တယ်ဗျာ။ အကိုင်း၊ အခတ်တွေကလည်း ဝေဆာနေတာ။ အလုပ်သမားက အစပိုင်းမှာတော့ ဟုတ်မလိုလိုနဲ့ အပင် တစ်ဝက်လောက်လည်း ရောက်ရော… သူမခုတ်ရဲတော့ပါဘူး ဆိုပြီး ပြေးဆင်းလာတယ်။ သူ အဲဒီလိုလုပ်တော့ ကျွန်တော်က သူဆင်းဆင်းလာခြင်း ဆဲမလိုဗျ။ ခင်ဗျား နေ့စားလုပ်နေပြီးတော့ အပင်တောင် မခုတ်တတ်ဘူးလား။ ဘာကြောက်တာလဲ၊ ဘာညာပေါ့ဗျာ။ ဒါပေ့မယ် သူမျက်နှာကို ကြည့်လိုက်တော့ ဆဲမဲ့ စကားလေးတွေတောင် ဘယ်ပျောက်သွားလဲ မသိဘူးရယ်။ သူတော်တော် ကြောက်နေတာဗျ။ သိလား။ မျက်နှာမှာလည်း ဇောချွေးတွေ အနှံ့ ထွက်နေတာ။ အဲဒါနဲ့ သူမျက်နှာကို သုတ်ဖို့ ကျွန်တော် လက်ကိုင်ပုဝါကို ပေးလိုက်တယ်။ အဲဒီလက်ကိုင်ပ၀ါ ယူထားလိုက်တော့ဗျာ ဆိုပြီးလေ။ အဲဒီအပင်ကိုတော့ ကျွန်တော် ညီရယ်၊ ကျွန်တော်ရယ် ကိုယ်တိုင် တတ်ခုတ်ကြတယ်ဆိုပါတော့ဗျာ။ အပင်က ချောလည်း ချောနေတော့… သတိထားနေရတယ်ဗျ။ အကိုင်းတစ်ခုကို ခုတ်ချလို့ ပြတ်ခါနီးရင် အပင်က တစ်အား “ခါ” တာပဲဗျာ။ လူက ပင်စည်ကို မနည်းဖက်ထားရတယ်။ ဒီလိုနဲ့ အပင်ကို ကျွန်တော် ညီဟိုဘက်ခြမ်း ခုတ်။ ကျွန်တော် ဒီဘက်ခြမ်း ခုတ်ကြတယ် ဆိုပါတော့ဗျာ။ ကျွန်တော်ဘက်က ခုတ်လို့လည်း ပြီးသွားေ၇ာ… ပျိုးပင် ကိစ္စ လာခေါ်တာနဲ့ ဆင်းသွားလိုက်တယ်။ ညီလေးကိုလည်း မှာခဲ့ တယ်။ အပင်ကို ဂတုံးတုံးထားနော်လို့။ ဘာအကိုင်း အခတ်မှ မချန်ထားနဲ့။ ပြီးရင် သတ်မှာဆိုပြီးလေ။ အပင်ကို ဂတုံးတုံးတယ်ဆိုတာဗျာ။ အကုန်လုံးကို ခုတ်ချလိုက်တာပြောတာ။ ကိုင်းတွေကိုလေ။ ပြီးမှ သူ့ကို လွှနဲ့ တိုက်ထုတ်လိုက်တာကိုးဗျ ။ အဲဒီလို ခိုင်းပြီး ကျွန်တော် ထွက်သွားတယ်ဗျာ။ ပျိုးပင်ကိစ္စ ပြီးလို့ ပြန်လာတော့… ကျွန်တော် ညီက အပင်အောက်ရောက်နေပြီ။ သီဟိုဋ်ပင်ကို ကြည့်လိုက်တော့ အကိုင်းတစ်ကိုင်းကို ခုတ်ဖို့ ကျန်နေတယ်။ အဲဒီတော့ ကျွန်တော် ညီကို ကျွန်တော်က ဆဲတာပေါ့ဗျာ။ ဘာလို့ အဲဒီအကိုင်းချန်ထားတာလဲ၊ ခုတ်ရမဲ့ အတူတူ၊ တစ်ခါတည်း ခုတ်ခဲ့တာ မဟုတ်ဘူး၊ ဘာညာနဲ့ပေါ့။ သူကလည်း သူခုတ်နေတာတဲ့။ အဖိုးပိုးပိုးက အတင်းဆင်းခိုင်းတာတဲ့။ အဲဒီအကိုင်းက “နတ်နေကိုင်း” ပေါ့ဗျာ။ အဲဒါ ကြောင့် ဆင်းလာရတာပါတဲ့။ အဲဒီအချိန် အဖိုးကလည်း ရှိနေတော့…သူကလည်း ဒီလို ပြောတယ်။
“အပင် ခုတ်ရင် “နတ်နေကိုင်း” ချန်ရတယ်ကွ၊ အဲဒါကြောင့် ငါမခုတ်ခိုင်းတာ” တဲ့လေ။
ကျွန်တော်က ဘာမှတော့ ပြောမနေပါတော့ဘူးဗျာ။ လူကြီးနဲ့ လူငယ် အဲဒီမှာ စတွေ့တာပဲ၊ ဘယ်နှယ့်ဗျာ။ “နတ်နေကိုင်း” တဲ့။ အပင်ကို တစ်ခါတည်း သတ်မှာပါဆိုမှ နတ်နေကိုင်း ချန်ပြီးတော့…ဘာလုပ်ရမှာတုန်း။ ခက်တယ်ဗျာ။ နတ်ကို “ခေါင်း” ခေါက်ပြီး ကန်တော့၊ ကန်တော့ လုပ်သလို ဖြစ်နေအုံးမယ်။ ဟင့် လေဒယ်ဗျာ။ ဟိုနတ်ကလည်းဗျာ ရှိလား၊ မသိ။ မရှိလား မသိ။ တော်ကြာ “ဟေး…ငါနေဖို့ အကိုင်းလေးရပြီ” ဆိုပြီး နေနေတုန်း။ အပင်ကို လှဲချလိုက်တော့မှ… ငုတ်တုတ်မေ့နေမယ်။ အဲဒီတော့မှ သောင်းကျန်းရင် မခက်ဘူးလားဗျာ ဟီး (နောက်တာပါ)။ ကျွန်တော်ကတော့ နတ်နေကိုင်းတွေ၊ ဘာတွေ သိပ်တော့ စိတ်ထဲ ဘ၀င်ကျလှတယ် မဟုတ်ပါဘူးဗျာ။ ဒါပေ့မယ် ဒီလိုပဲပေါ့။ ဘာမှ မပြောချင်တာနဲ့ … ရှိစေတော့ဟာ ဆိုပီး ထွက်လာလိုက်တယ်။ ပြီးတော့ ကျွန်တော် ရန်ကုန်ကို ပြန်သွားလိုက်တယ် ဆိုပါတော့ဗျာ။
ဒီလိုနဲ့ဗျာ ကျွန်တော် ရန်ကုန်ရောက်တော့ အိမ်မှာ နှစ်ရက်အိပ်တယ်ဗျာ။ နှစ်ရက်လုံးမှာ အိမ်မက်တစ်ခုတည်းကို ဆက်တိုက်မက်တာဗျ။
ထူးတော့ ထူးဆန်းတယ်။ လူက အိပ်တစ်ဝက်၊ မအိပ်တစ်ဝက်မှာ မက်တာ။ အိမ်မက်က ဒီလိုရယ်။ ကျွန်တော်ခြံထဲမှာ ကျွန်တော်က ထုံးစံအတိုင်း ဓါးမ တစ်လက်နဲ့ လိုက်ခုတ်နေတာ။ အဲဒါကို လူတစ်ယောက်က ကျွန်တော် ဆီက ဓါးမကို လာလုသွားတယ်ဗျာ။ လူကို ဘာမှတော့ အန္တရာယ်မပေးဘူး။ အဲဒီဓါးမကိုပဲ လာလုသွားတာ။ အဲဒီလူပုံစံကလည်း စွပ်ကျယ်အဖြူကို ၀တ်ထားတယ်။ ပုဆိုးက ခပ်တိုတိုနဲ့၊ ခမောက်တစ်ခုဆောင်းထားတယ်ဗျာ။ သူလည်းပဲ ဓါးမ တစ်လက်လွယ်ထားတယ်။ အဲဒီလို။ ကျွန်တော်က အိမ်မက်ထဲမှာ သူကို အံ့သြပြီး ငေးကြည့်နေတာ။ ဘယ်နှယ့် ၊ ဓါးမလည်း ရှိရဲ့ သားနဲ့ ငါ့ဓါးမကို လာလုနေရသေးလား ဆိုပြီးလေ။ ပြီးတော့ လူနှစ်ယောက်လောက် လာသေးတယ်။ ကျွန်တော်ဆီကို သူတို့က ကျွန်တော်ကို စကားတွေ လာပြောနေတာဗျာ။ အများကြီးပဲ။ ကျွန်တော်လည်း နားမလည်ဘူး။ အယ်! အဲဒီ လူနှစ်ယောက် လာပြီးသွားရင်တော့… မိန်းမကြီးတစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်လာတယ်။ သူတို့ မျက်နှာတွေက ဒီအတိုင်းကြည့်နေရင် အကောင်းဗျာ။ ခဏနေရင် ဘာရုပ်တွေ ပြောင်းသွားလဲ မသိဘူးရယ်။ သရဲလိုလို၊ နာနာဘာဝ လိုလိုနဲ့။ သူတို့ကလည်း စကားတွေ ပြောနေကြတယ်။ ကျွန်တော် ဒီလိုမျိုး မက်သဗျှ။ တစ်ညလုံးအိပ်လို့မရဘူးဗျာ။ ကျွန်တော် ကုတင်ဘေးမှာ လာထိုင်ပြီးတော့ကို ပြောနေတာ။ လူက နိုးတစ်ဝက်၊ မနိုးတစ်ဝက်နဲ့။
တစ်ချက်၊ တစ်ချက်ဆို မျက်လုံးနှစ်လုံးတောင် ပွင့်ပွင့်သွားတယ်။ ဒါနဲ့ အမေ ကုတင်ကို ပြောင်းပြီး အိပ်လိုက်၇တယ်။ ဒီလိုဆိုရင်တော့ သူတို့က အမေအခန်းဝမှာ မျက်နှာငယ်လေးတွေနဲ့ ရပ်နေသလိုပဲ။ ဒါကတော့ ကျွန်တော် စိတ်မှာ ထင်နေတာလည်း ဖြစ်နိုင်ပါတယ်။
ဒါပေ့မယ် အမေအခန်းထဲ ရောက်သွားတော့မှ လူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာ။ မဟုတ်ရင် အိပ်လို့ရမယ် မထင်ပါဘူးဗျာ။
ဒီအိမ်မက် စမက်တဲ့ တစ်ရက်ကတော့ ကျွန်တော် ဖာသိဖာသာပါပဲ။ သွေးလေ ခြောက်ခြားလို့ မက်တယ်ထင်နေတာ။ အယ်! နောက်တစ်နေ့လည်းကျရော ဆက်မက်ပါလေရော။ နှစ်ရက် ဆက်တိုက်ဆိုကတည်းက နည်းနည်းတော့ ထူးခြားနေပြီလေဗျာနော့။
ပြီးတော့ ကျွန်တော် ဟိုသီဟိုဋ်ပင်ကိုလည်း မင်္သကာတော့ဘူး။ ရွာရောက်မှပဲ ခြံရဲ့ နောက်ကြောင်းကို ဇာတ်မြစ်လှန်တော့မယ် ဆိုပြီး စိတ်ထဲကတော့ တေးထားလိုက်တယ်။

ကျွန်တော်နဲ ရာဘာခြံ အတွေကြုံ။အပိုင်း(၃)
ဘာပဲ ပြောပြော ကျွန်တော်ကတော့ ဒီမြွေကြီးကို တောင်ပေါ်ခြံ တတ်တိုင်း အမြဲ မေတ္တာပို့ပေးနေလိုက်တယ်။“ငါလုပ်သမျှ ကုသိုလ် နင်ယူ၊ နင်လည်း ရပါစေ။ နင့်ကိုလည်း မတွေ့ပါစေနှင့်” လို့လေ။ ဟီး ။ အဲဒီလိုလုပ်လိုက် ကတည်းက ဒီမြွေနဲ့ ထပ်မတိုးတော့ပါဘူး။ နောက်ပိုင်း တောင်ပေါ်ခြံ တတ်တိုင်းလေ။ ။ နောက်နေ့တွေမှာ ကျွန်တော် တောင်ပေါ်ခြံကို သိပ်မသွားဖစ်တော့ဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အမေခြံကို ကြည့်နေရလို့ပါ။ ကြည့်နေရတယ်ဆိုတာကလည်းဗျာ… ခက်တော့ခက်ပါတယ်။ ဒီလိုပါ။ အပေါ်မှာ ဖော်ပြပြီးတဲ့ အတိုင်း အဖိုးပိုးပိုးက ကျွန်တော်ကို ထိုင်ကြည့်နေယုံပဲ သူကိုယ်တိုင်အစအဆုံးလုပ်သွားမှာလို့ ပြောဆိုခဲ့တဲ့ အတိုင်း အခုလည်း သူက အဲဒီအတိုင်းပါပဲ။ ကျွန်တော်ကို အမေခြံကိစ္စကို ၀င်မပါစေချင်တဲ့ သဘောရှိတယ်။ ကျွန်တော်နဲ့ ကျွန်တော်ညီ အမေခြံကို တတ်သွားပြီ ဆိုတာနဲ့ သူက နောက်ကလိုက်လာပြီး အတင်းလာခေါ်တာ။ ပြီးရင် သူ့အိမ်ကို ခေါ်သွားတယ်။ ထမင်းတွေ၊ ဘာတွေ အတင်းကျွေးလွှတ်တယ်ဗျာ။ ပါးစပ်ကလည်း ဒီလို ခဏခဏ ပြောတယ်။
“မင့်က အိမ်မှာ ခြေပေါ်၊ ခြေတင်ပြီး နေတဲ့ကောင်၊ ထမင်းစားရင်တောင် ထမင်းပန်ကန် အဆင်သင့်၊ ကော်ဖီဆို ကော်ဖီ။ ဒီလိုနေလာတာ။ မင့်ဒီမှာ အစားအသောက် ဒုက္ခရောက်ရင် မင့်အမေငါ့ကို ပြောမှာပေါ့။ ဒါကြောင့် ဘာပဲ ဖြစ်ဖြစ် ငါ့အိမ်မှာပဲ စား။ ဘယ်မှာမှ သွားမစားနဲ့။ မင်း အမေက ငါတို့ကို ကျေးဇူးရှိတယ်။ သူ့ခြံကို ငါ ဘယ်လိုလုပ်မှာ” စသဖြင့်ပေါ့ဗျာ။ ကျွန်တော်ကိုလည်း ကောင်းကင်ကို အတင်းမြှောက်၊ ကျေးဇူးရှိတယ်ဆိုတာတွေ ပြောပြီး ထမင်းတွေ အတင်းကျွေး။ ပြီးရင် ကျွန်တော်တို့က သူ့ အိမ်ကနေပြန်ရတယ်ဗျာ။ အဲဒီတော့ အမေခြံကို ဘယ်လိုလုပ်ကြည့်ဖြစ်တော့မှာတုန်းဗျ။ ဟုတ်တယ်မလား။ ပြီးတော့ သူက စကားတစ်ခွန်းကို ဆယ်ခါလောက်ပြောတယ်။ ကျေးဇူးရှိတယ်။ တစ်ခါပြောရပါတယ်ဗျာ။ ကျွန်တော် လူပါ….နားလည်ပါတယ်။ အခုဟာက တွေ့တိုင်းပြောတယ်။ လူတိုင်းကို ပြောတယ်။
ကျွန်တော်ကလည်း အသားလွှတ်၊ ဘာအလုပ်မှ မလုပ်ရပဲနဲ့ လူကို ခဏခဏ လာမြှောက်နေရင် မကြိုက်ဘူးဗျ။
ဒါပေ့မယ် သည်းခံနေရတယ်။ စစရောက်ခြင်းမှာ ဘယ်သူနဲ့မှ ပြသနာ မတတ်ချင်တာလည်းပါတယ်။ မဟုတ်ရင်လည်း ကျွန်တော် ပါးစပ်နဲ့က မလွယ်ဘူး။ ပြီးတော့ဗျာ…သူက ခြံဦးစီးလုပ်နေတယ်ဆိုပြီး အလုပ်သမားတွေနဲ့ ခြံကို ပစ်ပြီး ကျွန်တော်တို့နဲ့ တော်ကီ လာပစ်နေလို့ အလုပ်က ဘယ်တွင်မှာလဲဗျ။ ဟုတ်တယ်မလား။ အလုပ်လုပ်တယ်ဆိုတာ ဒီလိုလုပ်လို့ရတဲ့ အမျိုးမှ မဟုတ်တာဗျာ။ အဲဒီအခက်ကို ကျွန်တော် တော်တော်ကို သဘောမတွေ့တာ။
ဒီလိုနဲ့ တစ်နေ့ဗျာ။ အမေခြံကို အလာ အဒေါ်အိမ်ဆိုင်လေးမှာ နွားနို့ဝင်သောက်နေတုန်း….အဖိုးပိုးပိုး ရောက်လာတယ်။ ပြီးတော့ “ကျေးဇူး ရှိတယ်” ဆိုတဲ့ စကားလုံးကြီး ကိုင်ပြီး လွှတ်ပါလေရောဗျာ။ ကျွန်တော်က တော်တော် သောက်မြင်ကပ်နေပြီ။ မနက်ပိုင်းဆိုတော့ အဒေါ်ဆိုင်မှာက ရွာထဲက လူတွေ စုံနေတာပဲ။ လူတွေကတော့ သူပြောတာကိုပဲ နားထောင်နေတာပေါ့။ ဘာဝင် ပြောမှာလဲဗျ။ ဟုတ်တယ်မလား။ ကိုယ့်အလုပ်မှ မဟုတ်တာ။ သူတော်ကီပစ်လို့ သူတို့ ပိုက်ဆံကုန်တာမှ မဟုတ်တာ။ ကျွန်တော် အမေပိုက်ဆံပဲ ကုန်တာ။ အဟုတ်။ သူ့ အလုပ်သမားတွေကို သူပစ်ပြီး ဒီလို တော်ကီလာပစ်နေခြင်းအားဖြင့် အလုပ်သမားတွေက ခိုနေလို့ ရတယ် ခြံထဲမှာလေ။ အလုပ်မလုပ်နဲ့ပဲ နှပ်နေပြီးတော့ သူလာမှ ဟိုလုပ်၊ ဒီလုပ်လုပ်နေလို့ရတယ်။ အဲဒီတော့ အလုပ်က စောစောပြီးရမှာကို မပြီးဘူးလေ။ ရက်တွေရှည်ပြီး အချိန်တွေလည်းကုန်၊ ငွေတွေလည်း ကုန်ပေါ့ဗျာ။ ပြီးတော့ သူက ခြံထဲ ဆင်းတဲ့ အခါမှာလည်း ကိုင်းခုတ် ဓါးကောက်တစ်ခုကို လွယ်ထားပြီး ခုတ်တာလည်း မဟုတ်ဘူးဗျာ။ ဟိုက ရပ်ကြည့်လိုက်၊ ဒီက ရပ်ကြည့်လိုက် လုပ်ပြီး ပြန်လာတာ။ လွယ်တော့ မလွယ်ပါဘူးဗျာ။ ဒီအတိုင်းသာ ဆက်သွားရင် ကျွန်တော် အမေပေးထားတဲ့ ပိုက်ဆံ ကုန်သွားလိမ့်မယ်။ အလုပ်လည်း ဖြစ်မှာမဟုတ်ဘူး။ အဲဒီလိုတွေ ကျွန်တော် တွေးနေတဲ့ အချိန်မှာသူက ကျွန်တော်ကို ဘာပြောလဲဆိုတော့… “မောင်ဇူးဇူးအောင်ဟာ စကားသာ သိပ်မပြောတာ၊ အလုပ်ကျတော့ စေ့စပ်တယ်” ဘာညာဆိုပီး ကျွန်တော်ကို ဘလိုင်းကြီး မြှောက်ချလိုက်တယ်။ ကျွန်တော်ကလည်း ကိုယ့် အကွက်ထဲဝင်လာတော့ တစ်လုံးပဲ ဒီလိုပစ်ထည့်လိုက်တယ်။ “ဟုတ်တယ်။ ကျွန်တော် စကားအများကြီး မပြောချင်ဘူး၊ လေကုန်တယ်။ အဲဒီအစား အလုပ်ပဲ လုပ်ပြလိုက်မယ်။ ဒီလိုပဲ စကားအများကြီးပြောတဲ့လူလည်း ကျွန်တော် မကြိုက်ဖူး။ အလုပ်များများ လုပ်တဲ့သူပဲ ကြိုက်တယ်” လို့လေ။ အဲဒီအချိန်မှာ ဆိုင်မှာရှိတဲ့ လူတွေရဲ့ မျက်လုံးတွေက “၀ုန်း” ခနဲ ဆိုပြီး ကျွန်တော်ဆီရောက်လာတယ်။ ဟုတ်တယ်လေ။ အဖိုးပိုးပိုး တော်ကီတွေ အသေလွှတ်နေတဲ့ အချိန်မှာ ကျွန်တော်က ဘာတစ်ခွန်းမှ မဟပဲနဲ့။ အခုမှ ၀ုန်း၊ ဒုန်းဆိုပြီး လွှတ်ချလိုက်တာကိုး။ ပြောလိုက်တဲ့ စကားလုံးကလည်း ခပ်ထွားထွားရယ်ဆိုတော့ သူတို့က
“ဟ၊ မြို့သား…လေလုံးကတော့ ကြီးပ။ လုပ်နိုင်မလုပ်နိုင် ကြည့်ကြသေးတာပေါ့” ဆိုတဲ့ အရောင်တွေ ပြောင်းသွားတယ်။
အမှန် ကျွန်တော်က အဖိုးကို ထည့်လိုက်တာပါ။ အလုပ်ပဲ များများလုပ်ပါ၊ စကားအများကြီး မပြောပါနဲ့လို့။ ဒါပေ့မယ် ရွာသားတွေက ဘယ်လိုထင်သွားလဲ မသိဘူး။ မတတ်နိုင်ဘူးဗျာ။ အဲဒီနေ့က အဖိုးကတော့ မျက်နှာ နည်းနည်းပျက်သွားတယ်။
ဒီလိုနဲ့ တစ်နေ့ ကျွန်တော် ကိုယ်တိုင် အမေခြံကို ဦးစီးရမဲ့ အဖြစ်တွေ ကြုံလာရတယ်။ ဘာဖစ်လို့လဲဆိုတော့ အဖိုးလုပ်လုပ်နေပုံကို ကျွန်တော် သဘောမကျလို့။ သူအလုပ်သမားတွေကို သူက တစ်နေ့ကို (3000) နဲ့ ငှားထားတာ။
တောခုတ်ဖို့ သက်သက်နော်။ ဒီတော့ ကျွန်တော် ခြံထဲသွားတိုင်း အလုပ်သမားတွေက ရေသာခိုနေတာပဲ ကျွန်တော်တွေ့တယ်။ တစ်ချို့ဆို ပေါ်တင်ပဲဗျာ။ ထိုင်တဲ့လူ ထိုင်၊ ဆေးလိပ်သောက်တဲ့ သူက သောက်နဲ့။ အခုဆိုရင် ခြံခုတ်နေတာ သုံးရက်ကျော်သွားပြီ။ အဲဒီ တောကြီးကို လုံးဝ မရှင်းနိုင်သေးတယ်။ နောက်တစ်ခု ကျွန်တော် မကြိုက်တာက ခြံထဲမှာ ငုတ်တိုတွေကို ဒီအတိုင်းထားခဲ့တာ။ ကျွန်တော် ပြောတယ်။ ငုတ်တွေကို ရှင်းပါ၊ ရှင်းပါ ဆိုတာ အလကားပြောနေတာမဟုတ်ဘူးဗျ။ ခြံဖြစ်သွားပြီဆိုရင် လူတွေက အသွား၊ အလာလုပ်နေတော့မှာ ဒီငုတ်တွေရှိနေရရင် ဟိုထိုး၊ ဒီထိုးနဲ့ အန္တရာယ်များတယ်။ နောက်တစ်ခုက အလုပ်သမားတွေ တောခုတ်သွားတဲ့ ပုံစံက ဒီလို။
အကုန်လုံးကို ဒူးမလွတ်၊ ပေါင်မလွတ်၊ (ကန်တော့နော်) ဂွေးမလွတ်တွေ ခုတ်သွားတာ။ ဒီလို ခုတ်နည်းကို ကျွန်တော်တို့ တောင်ပေါ်ဘက်မှာ ဒီလိုပဲ ခေါ်တယ်။ ဘယ်နှယ့်ဗျာ။ အပင်ခုတ်ရင် အရင်းကနေ ချခုတ်ပါလို့ ပြောထားတဲ့ဟာကို အကုန်လုံးကို ပေါင်လယ်လောက်က ပိုင်းချသွားတော့…ကျွန်တော်တို့ အဲဒီခြံထဲကို လိုက်ကြည့်ရင် ဒီငုတ်တွေက ဟိုထိုး၊ ဒီထိုးနဲ့။ ခွစရာရှိလို့ ခွ၊ ကျော်စရာ ရှိလို့ ကျော်ရင်လည်း သတိကထားနေရတယ်။ မသာတွေက ဂွေးမလွတ်တွေချည်း လှိမ့်ခုတ်တော့။ တိုက်မိမှာ ကြောက်ရ။ ခြစ်မိမှာ ကြောက်ရနဲ့ဗျာ L ။ စိတ်တော်တော် ညစ်ရပါတယ်။ နောက်တစ်ခုရှိသေးတာ အပင်ကြီးတွေ၊ ၀ါးရုံတောတွေကို မရှင်းခဲ့တာ။ အဲဒါ ကျွန်တော် တော်တော်လေး စိတ်တိုတယ်။ အထိက အဲဒါပဲ။ ကျွန်တော် အစီအစဉ်က ခြံရှင်းပြီးတာနဲ့ ခြံစည်းရိုးကို သံဆူးကြိုး ခတ်မှာ။ အပင်ကြီးတွေကိုလည်း ခြံစည်းရိုး မလုပ်ခင်ကတည်းက ရှင်းစေချင်ခဲ့တာ။ အဲဒါကို မလုပ်ထားဘူးဗျာ။ လူက တော်တော် စိတ်ညစ်သွားတယ်။
ဒီလိုတွေ ဖြစ်ပါများနေတော့….တစ်နေ့ ကျွန်တော် မနက်စောစော ခြံထဲကို သွားလိုက်တယ်။ အလုပ်သမား ခြံထဲဆင်းချိန်က မနက် ခြောက်နာရီလေ။ အရောက်သွားလိုက်တယ်။ ကျွှန်တော်နဲ့ အတူ၊ ဓါးမပါ တစ်ခါတည်း ယူလာခဲ့လိုက်တယ်။ ကျွန်တော်ပုံစံကိုလည်း ကြည့်ဦးဗျာ။ ပုဆိုးကို ဒူးလောက်ဝတ်ထားတယ်၊ ခမောက်တစ်လုံး ဆောင်းထားတယ်။ မိုးကာ အကျီနဲ့ ကျောမှာကလည်း ဆောင်ဓါး (ငှက်ကြီးတောင်) တစ်လက် လွယ်ထားတယ်ဗျာ။ ဆောင်ဓါးအောက်မှာက ဓါးမကို လွယ်ထားတယ်။ ဒီပုံစံနဲ့ အမေခြံထဲကို တတ်သွားတော့ အလုပ်သမားတွေက ကျွန်တော်ကို ဟားချင်ကြတယ်။ အဖိုးပိုးပိုးကတော့ “မင်း ပြန်ရင် ပြန်ပါတဲ့…ဖျားသွားအုံးမယ်” ဆိုပဲ။ ကျွန်တော် အဖိုးကို စကားတစ်ခွန်းမှ မပြောနေတော့ဘူး။ အလုပ်သမားတွေကို ခေါ်လိုက်တယ်။ ပြီးတော့ ငုတ်တွေကို ဘာလို့ တစ်ခါတည်း မရှင်းသွားတာလဲလို့ မေးလိုက်တယ်ဗျာ။ သူတို့ကတော့ ငုတ်က ခဏနေ ခုတ်မှာ ဘာညာနဲ့ လျှောက် ရွှီးတာပေါ့ဗျာ။ အမှန်ဆို ငုတ်ပြန်ခုတ်ဖို့ နေနေသာသာဗျာ။ ခြံကို တောရှင်းတာတောင် မပြီးသေးတဲ့ဟာကို ဒီ ငုတ်တွေကိုပါ ပြန်လိုက်ရှင်းမယ်ဆို ဆယ်ရက်တောင်မလောက်ဘူး။ မိုးကျများသွားပြီး ကျွန်တော် အပင်တွေ တစ်ပင်မှ မစိုက်ရပဲ ကျွန်တော် ရန်ကုန် ပြန်သွားရမယ်။ အဲဒါနဲ့ အလုပ်သမားတွေ အားလုံးကို ပြောလိုက်တယ်။ ခြံကို အခုချိန်ကစပြီး အမြန်တောရှင်းလို့….ရှင်းရင်လည်း ဒီလိုရှင်းပါ ဆိုပြီး ခါးလည်လောက်ရှိနေတဲ့ ငုတ်တစ်ခုကို ကျွန်တော် အရင်းကနေ ပိုင်းပြလိုက်တယ်။ “၀ုန်း” ဆိုပြီး ငုတ် ပြိုလဲသံနဲ့ အတူ အလုပ်သမားတွေလည်း ကျွန်တော်ကို နည်းနည်းတော့ ဖြုံသွားတယ်။ “ဟ၊ ဒီကောင် သစ်ပင်ခုတ်တတ်သဟ” ဆိုပြီးလေ။ အဲဒါ အလုပ်သမားတွေကို ကျွန်တော် ကြိုက်တဲ့ ပုံစံအတိုင်း ခုတ်ပြလိုက်တယ်။ ပြီးတော့ ဒီလို ခုတ်ပေးနိုင်မလားလို့ မေးလိုက်တယ်ဗျာ။ ရှင်းရှင်းပြောရရင် အဲဒီက အလုပ်သမားတွေ အားလုံး ကျွန်တော်ထက် အသက်ကြီးတယ်။ ကျွန်တော်လို လူငယ်ကတောင် ဒီလို ခုတ်ပြလို့ သူတို့ မခုတ်တတ်ဘူးဆို သိက္ခာကျတာပေါ့ဗျာ။ ဒီတော့ သူတို့ က ကျွန်တော် ပြောတဲ့ ပုံစံအတိုင်းပဲ ခုတ်သွားတယ်။ ကျန်တဲ့ အပိုင်းတွေကိုလေ။ သူတို့ကို ကျွန်တော် ပြောထားတယ်။ ဒီနေ့ ခြံကို အပြီး ချမယ်။ နောက်နေ့ တောရှင်းတာ ကျွန်တော် မမြင်ချင်ဘူးလို့လေ။ ပြောပြောပြီးခြင်းမှာပဲ ကျွန်တော်နဲ့ ကျွန်တော်ညီနဲ့ သူတို့ ခုတ်လို့ ကျန်ခဲ့တဲ့ ငုတ်တွေကို ကိုင်တာဗျာ။ မိုးထဲလေထဲမှာ ကျုံးချက်တွေကတော့ ပက်စက်တယ်။ ၀ုန်း ဒိုင်း၊ ၀ုန်း ဒိုင်းနဲ့ ချတာနော်။ ဘယ်သူမှ စကားမပြောဘူး။ ပါးစပ်ထဲမှာ ကွမ်းကို အပြည့် ငုံပြီး လိုက်ကြမ်းပစ်တာ။ ဘယ်လောက်မှ မကြမ်းရပါဘူးဗျာ။ နေ့တစ်ဝက်လောက်လည်းနေယော ငုတ်တွေ ပြောင်သလောက်ဖြစ်သွားတယ်။ အဲဒါ ကျွန်တော်ခြံထဲမှာ လူ ခုနစ်ယောက်ရှိတယ်နော်။ အလုပ်သမား ငါးယောက်နဲ့ ကျွန်တော်တို့ နှစ်ယောက်နဲ့။ အဖိုးပိုးပိုးကတော့ လူပိုလို သဘောထားထားလို့ ထည့်မတွတ်ထားဘူး။ အဟုတ်။ ရှိမှ မရှိနေတာ ခြံထဲမှာလေ။ ရှိတဲ့ အလုပ်သမား ငါးယောက်လုံးကိုလည်း ကျွန်တော်တို့က တောရှင်းတဲ့ ဘက်ကို ပို့ထားတာဆိုတော့ နေ့ ဝက်လောက်မှာပဲ တောက ရှင်းတာ ပြီးသွားတယ်။ ဒါပေ့မယ်ဗျာ။ ၀ါးရုံတောတွေ လေးတောလောက်ကျန်သေးတယ်။ နောက်ပြီး အပင်ကြီးတွေလည်း ရှစ်ပင်လောက်ကျန်သေးတယ်။ အဖိုး အစကမလှဲထားတဲ့ အပင်တွေလေ။ အဲဒါတွေကို ညနေမှ လုပ်မယ်ဆိုပီး ကျွန်တော်တို့ ထမင်းစား ဆင်းသွားလိုက်တယ်။ ၁၁ နာရီဆို ထမင်းစားနားတယ်လေ။ ၁ နာရီခွဲလောက်မှ ပြန်တတ်လာကြတာ။
ဒီလိုနဲ့ နေ့လည်ကျွန်တော်တို့ တတ်လာတော့…အဖိုးပိုးပိုးက ၀ါးရုံပင်တစ်ခုကို အလုပ်သမားတွေကို ခုတ်ခိုင်းနေတယ်။ အဲဒီအလုပ်သမားတွေက ဘာဖြစ်နေတာလဲ မသိဘူးဗျာ သိလား။ ၀ါးရုံပင်ခုတ်တာကို ကြောက်သလိုလို၊ လန့်သလိုလို လုပ်နေကြတယ်။ အမှန်က အလုပ်ကို အချိန်ဆွဲတာပါ။ မနက်ကလည်း ကျွန်တော်က တောက်လျှောက် မောင်းထားတော့ အဖိုးရှိနေတဲ့ အချိန်မှာ အလုပ်ကို ရသလောက် ခိုနေတဲ့ သဘော။ ကျွန်တော်က သူတို့ ၀ါးရုံပင်ခုတ်နေတာကို ကြည့်နေရင်းနဲ့ ဒီလိုပြောလိုက်တယ်။ “၀ါးရုံပင်တစ်ခု ခုတ်တာကွာ ညနေထိ ခုတ်မလို့လား” လို့ ။ အလုပ်သမားက ဘာပြန်ဖြေတယ်ထင်တုန်း။
“ဟ…မင်းကဘာမှ မသိပဲနဲ့၊ ၀ါးရုံဆိုတာ မြွေအောင်းတတ်တယ်ကွ၊ သိလား၊ အဲဒါကြောင့် သတိထားနေရတာ” ဆိုပဲ။
အဖိုးကပါ ၀င်ပြောသေးတယ်။ “ဟုတ်တယ်ဟ၊ မတော်လို့ မြွေတွေ၊ ဘာတွေ ထွက်လာ ဘယ်နှယ့် လုပ်မတုန်း။ ၀ါးရုံအောက်မှာ တောင်ပို့ ရှိနေတဲ့ဟာကို” တဲ့။ ဟုတ်တော့ ဟုတ်ပါတယ်။ ၀ါးရုံပင်အောက်မှာ တောင်ပို့ရှိတယ်။ ဒါပေ့မယ် ကျွန်တော်က စိတ်မရှည်တော့တာနဲ့
“-ီးကွာ၊ ဘာမြွေထွက်လာမှာတုန်း၊ ဖယ်ကွာ၊ မင်း မခုတ်ရဲရင် ဘေးဖယ်၊ ငါခုတ်မယ်” ဆိုပြီး ကျွန်တော် ဓါးမနဲ့ ၀င်ကိုင်ပစ်တာ
ဝါးပင်တွေမှာ ဗုန်းခနဲ၊ ဗုန်းခနဲ လဲကုန်တယ်။ ဆယ်မိနစ်လားပြီး မသိဘူးကြာတယ်။ ဒီဝါးရုံတော တစ်ခုကို ရှင်းတာလေ။ ဒီကောင်တွေလုပ်နေရင် ညနေစောင်းသွားလိမ့်မယ်။ အရေးထဲဗျာ၊ ကျွန်တော် လက်ကလည်း ဓါးမကိုင်တာကြာတော့ ၀ါးတွေကိုလည်း ခုတ်ရော ကွဲသွားသေးတယ်။ ဟက်တတ်ပဲ။ အလုပ်သမားတွေကတော့ မြို့သားထိပြီး ဆိုပြီး ရီနေလေရဲ့ ။
သွေးတွေကလည်း နည်းတာမဟုတ်ဘူးလေ။ အဖိုးကတော့ စိုးရိမ်ပြီး အိမ်ပြန်တော့တဲ့။ ငါလုပ်ထားလိုက်မယ်တဲ့။ ကျွန်တော်က ရတယ် ဆိုပြီး ကျွန်တော် ညီကို “အနာကပ် ပလာစတာ” ၀ယ်ခိုင်းလိုက်တယ်။ ပြီးတော့ ကွဲသွားတဲ့ နေရာကို ကပ်လိုက်တယ်။ ပြီးတော့ ဆက်ခုတ်နေတာပါပဲ။ ကျန်သေးတဲ့ ငုတ်တွေကိုလေ။ အဲဒီအချိန်မှာ အလုပ်သမားတွေကို ကျွန်တော်က အပင်တွေ လှဲခိုင်းထားတာ။ အလုပ်သမားတွေကလည်း ကဂျီကကြောင်ဗျာ။ ဟို အပင်မှာ ပျားအုံရှိလို့၊ ဒီအပင်မှာ ပျားအုံရှိလို့ ဘာညာနဲ့ လုပ်နေတယ်။ အဲဒါ ကျွန်တော် ညီကို ခေါ်ပီး ခုတ်ခိုင်းရတယ်။ ဒီလိုတွေ မမိုက်ဘူးဗျာ။ အလုပ်လုပ်ရတာ။ ဒါပေ့မယ် ကျွန်တော် ကိုယ်တိုင် မနားတမ်း ၀င်ခုတ်နေတဲ့ အတွတ် အလုပ်သမားတွေက အရင်ကထက်တော့ အလုပ်ပိုလုပ်လာကြတယ်။ မခိုရဲတော့ဘူး။ မကပ်ရဲတော့ဘူး။ အဲဒါ အလုပ်တိုင်းမှာ ကြုံတွေရတဲ့ ပြသနာပါ။ ဒီလိုမျိုးအလုပ်သမားတွေကို တွေ့ရင် ဒီနည်း သုံးရတယ်ဆိုတာ ကျွန်တော်မှာ အတွေ့အကြုံရှီပြီးသား။
အလုပ်ရှင် ကိုယ်တိုင် ခုတ်နေမှတော့ဗျာ၊ အလုပ်သမားတွေက ဘယ်နေလိမ့်မတုန်း။ လိုက်လုပ်တာပေါ့။ အဖိုးပိုးပိုးကျတော့ ဒီလိုမှ မဟုတ်ပဲ။ သူက အလုပ်သမားတွေကို ပစ်ပြီးနေတော့ ဘယ်လိုလုပ် အလုပ်က တွင်မတုန်း။ အခုလည်း အလုပ်သမားတွေက မလုပ်နိုင်ရင် ကျွန်တော်ကို အကိုလောက် မလုပ်နိုင်ပါဘူးဆိုပြီး အလုပ်ထွက်သွားလိမ့်မယ်။ အလုပ်ရှင်တစ်ယောက်ဟာ အလုပ်သမားတစ်ယောက်ကို “မင်း အလုပ်ထွက်တော့” ဆိုတဲ့ စကားကို ပြောရရင် အလုပ်ရှင်တော်တော်ညံ့လို့။ အမှန်က အလုပ်သမားက ကိုယ်လုပ်တာကို မလိုက်နိုင်လို့ သူဘာသာ သူထွက်သွားတာပဲ ဖြစ်သင့်တယ်။ ဒါကျွန်တော် အယူအဆ။ နောက်နေ့တွေမှာ အလုပ်သမားတွေနဲ့ ကျွန်တော် အသားကျလာတယ်။ အလုပ်သမားတွေကလည်း ကျွန်တော်ကို ပိုပြီး အားကိုးလာကြတယ်။ တစ်ခုခု လုပ်တော့မယ်ဆို ကျွန်တော်ခိုင်းတဲ့ အတိုင်းပဲ လုပ်ကြတယ်။ ကွက်တိလုပ်လာကြတယ်။ သူတို့ကို အလုပ်ခိုင်းပြီး ကျွန်တော်လည်း အားနေတာမဟုတ်ပါဘူး။ ဓါးမတစ်လက်ကိုင်ပြီး အကုန်လိုက်လုပ်နေရတာပဲ။ အဖိုးပိုးပိုးကတော့ ကျွန်တော်လုပ်ပုံ၊ ကိုင်ပုံကို ကြည့်ပြီး သဘောတွေကျနေတယ်။ သူမှ မပင်ပန်းတာဗျာ ။ ဒါပေ့မယ် သူလည်း ကျွန်တော်အပေါ်တော်တော်ကောင်းပါတယ်။ ထမင်း၊ ဟင်းကတော့ Ready နော်။ စားချိန်တန်၊ လက်ဆေးပြီး ၀င်ကြိတ်ယုံပဲ၊ စကားများတာလေး တစ်ခုပဲ သည်းခံရတယ် ။
ဒီလိုနဲ့ တစ်နေ့ တောင်ပေါ်ခြံဘက်ကို ကျွန်တော် အကိုတွေ နတ်သွားတင်မလို့တဲ့၊ ကျွန်တော်ကို လိုက်ခဲ့ပါဆိုပြီး အတင်းခေါ်တယ်။ အဲဒါက ရိုးရာပါ။ ခြံတစ်ခုလုပ်ပြီးရင် နတ်တင်ရတယ် ;D ။ နတ်တင်ရင် ဘာလုပ်လို့ရလဲဆိုတော့ အရက်သောက်လို့ရတယ်ဗျ ။ ညီအကိုတွေက ၀ိုင်းဖွဲ့ပြီး ကစ်ချင်ကြတယ်လေ။ အဲဒါနဲ့ ကျွန်တော်ကိုလည်းခေါ်တယ်။
ဘယ်သူ ပိုသောက်နိုင်သလဲ ယှဉ်ရအောင်တဲ့။ သောက်ရတဲ့ အရက်က တောအရက်ပါ။ ဆန်နဲ့ ချက်ထားတာ ။ ရေလည်ဂွတ်တယ်။ ကျွန်တော်ကတည်း တောင်ပေါ်က ကျွန်တော်ခြံကို သွားချင်တာက တစ်ကြောင်း၊ အရက်သောက်ချင်တာကလည်း တစ်ကြောင်းမို့ လိုက်သွားလိုက်ပါတယ် ဟီး ။ ဟုတ်တယ်လေဗျာ။ မိုးရွာနေတဲ့ တောကြီးမျက်မည်းထဲမှာ ညီအကိုတွေ ၀ိုင်းဖွဲ့ပြီး တောအရက်သောက်ရတဲ့ အရသာဟာ တော်တော်မိုက်တယ်ဗျာ။
ကျွန်တော် အရမ်းကြိုက်တယ်။ အရက်သောက်ပြီးရင် ဟိုအကြောင်းပြော၊ ဒီအကြောင်းပြောပေါ့ဗျာ။ ပျော်ဖို့ကောင်းတယ်။ ဒီလိုနဲ့ အမေခြံထဲက အလုပ်သမားတွေကို ခြံစည်းရိုးကို သေသေချာချာလုပ်ဖို့ ညနေ အပြီးခတ်ဖို့ အကြောင်း ကျွန်တော် ပြောထားခဲ့တယ်။ နောက်ပြီးတော့ ကျွန်တော်ခြံထဲမှာ သီဟိုဋ်ပင်တစ်ခုရှိတယ်။ အဲဒီအပင့်က သူများအပင်တွေနဲ့ မတူဘူး။ တော်တော်လုံးပတ်ကြီးတယ်။ ပြီးတော့ အရမ်းလည်း မြင့်တယ်။ အကိုင်းအခတ်တွေကလည်း ဖြာထွက်နေတာဗျာ။ အဲဒီလို အပင်မျိုးက ရာဘာပင်စိုက်မဲ့ ခြံထဲမှာ မထားရဘူး။ အပင်လောင်းရိပ်မိတတ်တယ်။ အဖိုးကို ကျွန်တော် မှာထားခဲ့တယ်။ အဲဒီအပင်ကို ခုတ်ချထားလိုက်ပါဆိုပြီးလေ။ ပြီးတော့ အကိုတွေနဲ့ တောင်ပေါ်ခြံကို လိုက်သွားလိုက်တယ်။
တောင်ပေါ်ခြံသွားတဲ့ လမ်းမှာ ညီအကိုတွေ အားလုံးပေါင်း အယောက် (၂၀) လောက်ရှိတယ်။ ဆိုင်ငယ်ချည်းပဲ (၁၂) စင်းလောက်နဲ့ ၀ှီတာ။ တောအရက်ပုလင်းတွေကလည်းဗျာ။ မိုလိုပေါတာ ။ တစ်လုံး (၄၀၀) ပဲရှိတာရယ်။ မပါဘူးဆို ရှစ်ထောင်ဖိုးလောက်တော့ပါတယ်။ ကိုပြည့်ဝင်းတို့ကလည်း ကျွန်တော်တို့ လာမယ်ဆိုတော့ ယုန်သားဟင်းချက်ထားတယ်ဆိုပဲ။ လူက အပျော်တွေနဲ့ဗျာ လစ်တာ ။ မျက်လုံးထဲမှာ တောအရက်နဲ့ ယုန်သားဟင်းပဲ မြင်နေတာရယ်။ ကျန်တာ ဘာမှ မမြင်ဘူး ဟီး ။ ဒီလိုနဲ့ တောင်ပေါ်ခြံရောက်တော့ ကိုသော်ရား ဆိုတဲ့ လူတစ်ယောက်ရဲ့ ခြံကို နတ်အရင်တင်တယ်။ သူက ကျောက်တံခါးမြို့နယ်ကပါ။ ဒီမှာ ခြံလာလုပ်နေတာ။ သူခြံက ကျွန်တော်တို့တောင်ပေါ်ခြံရဲ့ အောက်ဘက်မှာရှိတယ်။
နတ်တင်တယ်ဆိုတာက ဒီလိုဗျာ။ ခြံတစ်ခုလုပ်လို့ပြီးသွားပြီဆိုရင် အဲဒီခြံကို စောင့်ရှောက်ဖို့အတွတ် မြေစောင့်နတ်သမီး(ဘူမိမားသား) ကို တင်မြှောက်ပသရတယ်။ အဲဒါက ရိုးရာဗျ။ တင်တဲ့အခါမှာလည်း ဒီလိုလေးတွေ ရှိတယ်ဗျာ။ ကိုယ့်ရဲ့ ခြံက ခြံသစ်ဆိုရင် နတ်တင်ဖို့သွားတဲ့နေ့မှာ နတ်တင်တဲ့နေရာကို ခြံထဲမှာ သေသေချာချာ လိုက်ကြည့်ရတယ်။ အဲဒီမှာ သစ်ပင်ကြီးတစ်ပင်ကို ခုတ်ထားလို့ ငုတ်တိုလိုဖြစ်နေတဲ့ အပင်ငုတ်တစ်ခုရှိမယ်။ အဲဓီအပင်နောက်မှာ သစ်ပင်ကြီးတစ်ပင် လည်းရှိမယ်၊ ပြီးတော့ နတ်တင်ရင် ကြက်ခုတ်ဖို့အတွတ် သားသတ်နေရာလေးတစ်ခုလည်း အဆင့်သင့်ရှိနေမယ်ဆိုရင် အဲဒီနေရာမှာပဲ နတ်တင်ရတယ်။ ဒါက ဘယ်လိုခေါ်မလဲ ရိုးရာပေါ့ဗျာ။ သူဘာသာ သူအဆင်ပြေပြေ ရှိနေတတ်တယ်ဗျာ။ သိလား။ လူက နတ်တင်ဖို့ နေရာဆိုပြီးလုပ်ထားတာမျိုး မဟုတ်ဘဲနဲ့ သူ့ဘာသာ သူသဘာဝအတိုင်းရှိနေတတ်တာမျိုး။ အဲဒီလိုနေရာမျိုးတွေ့ပြီဆိုရင် ကျောက်ပြားတစ်ပြားရှာရသေးတယ်။ အဲဒီကျောက်ပြားတွေက အများအားဖြင့် တြိဂံပုံဖစ်နေတတ်တယ်ဗျာ။ အရမ်းကြီးတော့ လိုင်းတွေမဖြောင့်ဘူးပေါ့နော်။ အဲဒီလိုကျောက်ပြားဟာလည်း ၀ယ်နေစရာမလိုဘူးနော်။ အဲဒီနားမှာပဲ လိုက်ရှာလိုက်တာနဲ့ တွေ့တာ။ အဲဒီလိုဟာတွေ အားလုံးစုံပြီဆိုရင် ဖြစ်ပြီ။ နတ်တင်လို့ရပြီ။
နတ်တင်တော့မယ်ဆိုရင် ပထမဦးဆုံး ကျောက်ပြားကို ငုတ်မှာတင်တယ်။ ထောင်လျက်လေးပေါ့နော်။ တစ်ချို့က ငုတ်ကို မှီပြီးလည်း ထောင်ကြတယ်။ ပြီးရင် ကျောက်ပြားမှာ ဆေးနီမှုန့်နဲ့ မျက်လုံးတစ်စုံကို ဆွဲရတယ်။ နတ်တင်မဲ့သူ ဆွဲရတာနော်။ ပြီးရင် အဲဒီကျောက်ပြားအောက်မှာ ငှက်ပျော်ဖက်သုံးရွက်ခင်းပြီး၊ ဆန်ကို လိုက်ပုံရတယ်။ သုံးပုံပေါ့။ အဲဒီဆန်ပုံပေါ်မှာ ငှက်ပျော်သီးကို အခွံနွာပြီးသား တစ်လုံးစီ တင်ပေးရတယ်။ သုံးလုံးပေါ့နော်။ ဒီလို လုပ်ပြီးပြီ ဆိုရင် ခြံပိုင်ရှင်က ဆုတောင်းပေတော့။ ဆုတောင်းတာက နှစ်ဆင့်ရှိတယ်။ တစ်ဆင့်က ကျေနပ်မှုရှိလား၊ မရှိဘူးလားဆိုတာ။
ဒီလိုမျိုးပေါ့ဗျာ….
“ယခု ခြံကို စောင့်ရှောက်သောနတ်သည် ကျွန်တော်အား ကျေနပ်မှု တစ်စုံတစ်ရာရှိပါက သို့မဟုတ် ခြံသည် အမှားအယွင်း တစ်စုံတစ်ရာ ရှိနေပါက အုန်းသီးများသည် မကွဲပါစေနှင့်” ဒီလိုဆုတောင်းရတယ်။ တကယ်လို့ သူခြံက အမှားအယွင်းတစ်ခုခုရှိနေတယ်ဆိုရင်တော့ အုန်းသီးခွဲရင် လုံးဝမကွဲပါဘူးခင်ဗျား။ အယ်! အုန်းသီးတွေ ကွဲသွားပြီ ဆိုမှ အဆင်ပြေသွားတာ။ အဲဒါ ပထမအဆင့်နော်။ ပြီးရင် ကိုယ်ယူလာတဲ့ ကြက်နှစ်ကောင် (တွန်သောကြက် ဖြစ်ရမည်)၊ အရက်နှစ်ပုလင်းကို တင်မြောက်ပသရတယ်ဗျာ။ အရက်ကို ကျောက်ပြားကို အရင်လောင်းပေါ့ဗျာ။ ကြက်တွေကိုကျတော့
ငှက်ပျောရွက်ထဲမှာထည့်ထားတဲ့ ဆန်ရယ်၊ ငှက်ပျောသီးရယ်ကို အရင်စားစေရတယ်။ အဲဒီကြက်တွေကလည်း အဲဒီဟာကို ရှောရှောရှူရှူ စားမှ သတ်လို့ရတာ။ မစားရင် အမှားအယွင်းရှိလို့။ အဲဒီလိုတွေကလည်း ရှိသေးတယ် ဟီး ။ အယ်! ကြက်နှစ်ကောင်က အဲဒီဆန်နဲ့ ငှက်ပျောသီးကို စားလိုက်ပြီဆိုရင်တော့ ဘေးမှာရှိတဲ့ သားသတ်တဲ့နေရာလေးမှာ ကြက်ကို အရှင်လတ်လတ် လည်ပင်းကို ဖြတ်ရတယ်။ ဖြတ်ပြီးတာနဲ့ ကြက်ခေါင်းပိုင်းကို ကျောက်ပြားေ၇ှ့မှာထားရတယ်။ ကြက်ကိုယ်ပိုင်းက သွေးကိုလည်း ကျောက်ပြားပေါ်လောင်းရတယ်ဗျာ။ ပြီးရင် အဲဒီကြက်ကို တောထဲ ကို ပစ်ရတယ်။ လွှင့်ပစ်လိုက်တယ်ပေါ့ဗျာ။ အခုဆို ခင်ဗျားက ကြက်နှစ်ကောင်တင်တယ်ဆိုရင် တစ်ကောင်ကို ဘယ်ဘက်ကို ပစ်ပြီး၊ တစ်ကောင်ကို ညာဘက်ကို ပစ်ရတယ်။ ဒါက ထုံးစံ။ မလုပ်လို့ရဘူးရယ်။ နောက်တစ်ခုရှိသေးတယ်။ နတ်တင်ရင်လေ။
အခုခြံစကတည်းက ခင်ဗျားက နတ်တင်ရင် ကြက်နှစ်ကောင် အရက်ပုလင်း နှစ်ပုလင်းဆို အဲဒါတစ်သက်လုံးနော် ။
ခြံရှိနေသမျှ ကာလာပတ်လုံး၊ တစ်နှစ်တစ်ခါပဲ။ တောဓလေ့ရဲ့ ရိုးရာလေးတွေပေါ့ဗျာ။ နတ်တင်ပြီးသွားပြီ ဆိုရင်တော့ ပိုတဲ့ အရက်တွေကို သောက်ကြတာပေါ့ဗျာ ။ နတ်လည်း နှစ်ပုလင်းလုံးမှ မကုန်တာဗျနော့။ အဲဒါတော့ အနော်တို့က ၀ိုင်းထုပေးလိုက်တာ ။ ပြီးတော့ ခုန လွှင့်ပစ်ထားတဲ့ ကြက်ကို သွားပြန်ကောက်ရတယ်။ ဒါကတော့ ချက်စားမို့ ကောက်တာပါ ဟီး။
ဒီလိုနဲ့ ကိုသော်ရားဆိုတဲ့လူ ခြံကို နတ်တင်ပြီးတော့ တောင်ပေါ်ခြံမှာ နတ်တင်ဖို့ ဆက်ထွက်လာခဲ့လိုက်တယ်။ သူ့ခြံမှာလည်း နတ်တင်လို့ ပိုတဲ့ အရက်ကို နည်းနည်း သောက်လာသေးတယ်။ ပြီးတော့ ကျွန်တော်တို့ တောင်ပေါ်ခြံမှာ နတ်တင်ပြန်တော့လည်း ထပ်ကစ်သေးတယ်။ အဲဒါတွေ အားလုံးက စတိ ကစ်ရတာနော်။ ပြီးမှာ ၀ိုင်းဖွဲ့ပြီး ကစ်ကြမှာ ဟီး။ စတိကလည်းဗျာ။ မတ်ခွက်နဲ့ အပြည့်ပါပဲ ဟီး ။ ကျွန်တော်တို့ ညီအကိုတွေ အခုဆို တော်တော်ချစ်နေကြပြီ။ တစ်ယောက်ကို တစ်ယောက် အပျောက်မခံကြတော့ဘူး ဟေးဟေး။ ကျွန်တော်တို့က မူးလေ ပိုချစ်လေကိုးဗျ။ တောင်ပေါ်ခြံမှာ နတ်တင်တော့ ဆိုင်ကယ်တွေကို ၀ါးရုံပင်လမ်းခွဆုံမှာထားခဲ့တာလေ။ ပြီးတော့ အဲဒီလမ်းခွနဲ့ အနီးအနားမှာပဲ နတ်တင်ဖြစ်တယ်။ တင်ပြီးတော့ အရက်သောက်ဖို့ နေရာရွေးကြတယ်။ အားလုံးက ကျွန်တော်ခြံထဲမှာရှိတဲ့ တောင်ချွန်းပေါ်ကိုပဲ သွားမယ်တဲ့။ ရှုခင်းလှလို့လေ။ ဟုတ်လည်း ဟုတ်ပါတယ်။ အဲဒီတောင်ချွန်းကဗျာ…အနီးအနားမှာရှိတဲ့ တောင်ကုန်းတွေထက်မြင့်နေတာကိုး။ တော်တော်ကို မြင့်တယ်။ အဲဒီကနေကြည့်ရင် ရှူခင်းတွေ တော်တော်လှတယ်ဗျာ။ လေလေးကလည်း တိုက်၊ မိုးကလည်း အဲဒီအချိန်မှာ ဖွဲတဲ၊ ဖွဲတဲနဲ့ဗျ။ ဇိမ်ပဲ ။ ဒီလိုနဲ့ အရက်သောက်ဖို့ စီစဉ်တော့ လူစုနည်းနည်းကွဲ သွားတယ်။ တစ်ချို့ က ကိုပြည့်ဝင်းရဲ့ တဲမှာ ယုန်သားဟင်း(အမြည်း) သွားသယ်တဲ့ သူက သယ်တယ်။ တစ်ချို့ က တောင်ချွန်းကို အရင်တတ်သွားတယ်။ သောက်ဖို့နေရာလေးဘာလေး ကြိုသွားရှင်းထားမို့တဲ့လေ။ ဒီလိုနဲ့ ထွက်သွားကြတော့ ကျွန်တော်နဲ့ ကိုသော်ရား နှစ်ယောက်တည်း ၀ါးရုံပင်လမ်းခွဆုံမှာ ကျန်ခဲ့တယ်။ ကျွန်တော်က ဆိုင်ကယ်ကို ၀ါးရုံပင်အောက်မှာ ထိုးထားပြီး အဲဒီအပေါ်မှာ တတ်အိပ်နေတာ။ စကားကလည်း သိပ်မပြောဘူးလေ။ နည်းနည်းလေးကလည်း ထွေနေပြီဆိုတော့။
ကွမ်းကြီး ငုံပြီး မှိန်းနေတာပေါ့ဗျာ ။ အမှန်တော့ ယုန်သားဟင်း သွားသယ်တဲ့ သူတွေကို စောင့်နေတာပါ။ ပြီးတော့ ကိုသော်ရားဆိုတာကလည်း ကျွန်တော်နဲ့ သိပ်မခင်ဖူးဗျ။ ညီအကိုလည်း မဟုတ်ဘူးလေ။ သူက သူ့ ခြံလုပ်စရာရှိလို့ လိုက်လာတာ။ မခင်တော့ စကားလည်း သိပ်မပြောဖစ်ဖူးပေါ့ဗျာ။ အဲဒီအချိန်မှာ သူလည်းနည်းနည်း
ထွေနေတယ်ထင်တယ်။ ခဏလောက်ကြာလာတော့ သူက ကျွန်တော်တို့ ပြောတယ်။
“မင်း ဒီမှာ တစ်ယောက်တည်း နေခဲ့ရဲလား၊ ငါ တောင်ချွန်းပေါ် သွားတော့မလို့” တဲ့။
ကျွန်တော်က ရပါတယ်၊ သွားပါ။ နေရဲပါတယ်ဆိုတော့။ သူက ဆိုင်ကယ်စက်နှိုးပြီး လစ်သွားတယ်။ အဲဒီဝါးရုံပင်အောက်မှာ ကျွန်တော်တစ်ယောက်တည်း ကျန်ခဲ့တာပါယောလား။ အခုမှဗျာ နေ့လည် ၁၁ နာရီလောက်ပဲ ရှိသေးတာဆိုတော့ ဘာမှကြောက်စရာတော့ မရှိပါဘူးဗျာ။ ဟုတ်တယ်မလား။ နေ့ခင်းကြောင်တောင်ကြီးကိုး၊ မိုးလေးရွာနေတာတော့ ရှိတာပေါ့။ အဲဒါနဲ့ ဒီလိုပဲ ပြန်လှဲနေလိုက်တယ်။ မျက်နှာကို မိုးပက်နေလို့ ခမောက်နဲ့လည်း ဖုံးထားသေးတယ်။ ခဏလောက်လည်းနေရော..ကျွန်တော်ကို လူတစ်ယောက်က လှမ်းမေးတာဗျ။
“တစ်ယောက်တည်း…လား” တဲ့။ ကျွန်တော်က ဘယ်သူမှန်း မသိဘူး။ မျက်စိကလည်း မဖွင့်ချင်တာနဲ့။
“အင်း” ဆိုပြီး ညဉ်းလိုက်တော့… သူက ထပ်မေးတယ်။ အသံကတော့ ခပ်သြသြကြီးပါ။
“ဘယ်က လာတာတုန်း” တဲ့။ တော်တော် သောက်စကားရှည်တဲ့သူဗျာ။ သူများ မူးနေမှန်းမသိ၊ မမူးနေမှန်းမသိ။ အလိုက်ကန်းဆိုးကို မသိဘူး။ ကျွန်တော်က လူတစ်မျိုးရယ်။ မူးနေရင် စကားမပြောချင်ဘူး။ ဘယ်သူမှ လာနောက်ယှက်လည်း ကြိုက်တာမဟုတ်ဘူး။ အဲဒါနဲ့ လေသံ ခပ်ဆတ်ဆတ်နဲ့ ပြန်ပြောလိုက်တယ်။
“ရန်ကုန်က” ဒီလိုလည်း ပြောလိုက်ရောဗျာ။ မိန်းခလေး အသံတစ်ခုက ကျွန်တော် နားထဲ ၀င်လာတယ်။
“ဟယ်၊ ရန်ကုန်ကတောင် ဘာလာလုပ်တာလဲ” တဲ့လေ။ ကျွန်တော်တောင် အမူးနည်းနည်း ပြေသွားတယ်။
ဟ….ဘာတုံးဟ။ ကိုပြည့်ဝင်း သားသမီးတွေများလား၊ ဒါမှ မဟုတ် ခြံထဲက အလုပ်သမတွေများလားဆိုပြီး ချက်ခြင်းထကြည့်လိုက်တော့….ကျွန်တော်ရဲ့ အနီးအနားမှာ လူနဲ့ တူတာဆိုလို့ တစ်ယောက်မှ မရှိနေဖူးဗျာ။
လူက ကြက်သီး တစ်ဖြန်းဖြန်း ထလာတယ်။ သိတော့ သိလိုက်တယ်။ ဒီတော၊ ဒီတောင်ကတော့ ငါ့ကို နှောင့်ပြီ ဆိုပြီးလေ။
ခုနက ကိုသော်ရားဘာလို့ “မင်း တစ်ယောက်တည်း နေရဲလား” လို့မေးလည်း အခုမှ သဘောပေါက်လာတယ်။
အဲဒီလို တွေးနေတုန်း ဆိုင်ကယ်သံ တဖွတ်ဖွတ်(တရုတ် အင်ဂျင်သံ ဟီး ) နဲ့ ကိုသော်ရား ပြန်ေ၇ာက်လာတယ်။ သူက ရောက်ရောက်ခြင်းပြောတယ်။ သူလမ်းတစ်ဝက်ကနေပြန်လှည့်လာတာတဲ့…ကျွန်တော်ကို စိတ်မချလို့တဲ့ ။ တစ်ယောက်တည်းဆိုတော့… ဆိုပြီး စကားကို မဆက်တော့ဘူး။ ကျွန်တော်က ဒီခြံအကြောင်း သိချင်လာတာနဲ့ …
“ဘာဖစ်လို့ စိတ်မချတာတုန်း၊ ၇ပါတယ်။ ကျွန်တော်နေရဲပါတယ်” ဆိုတော့….။ သူက အခု မပြောချင်တဲ့ ပုံစံနဲ့
“ဘာမှ မဟုတ်ပါဘူး။ ရွာရောက်မှ ပြောပြမယ်” တဲ့။
ဒီလိုနဲ့ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စကားမပြောပဲနဲ့ ကိုယ့်အတွေးနဲ့ ကိုယ်နေနေကြတယ်။ ကျွန်တော်က စဉ်းစားနေတာ… ဒီအသံတွေလာတာ ၀ါး၇ုံဘက်ကလား။ ဘယ်ကလာတာလဲ။ ဘာညာပေါ့ဗျာ။ စုံစိနေတာပဲ။
ဟုတ်တယ်လေ။ ဘလိုင်းကြီး စကားလာပြောပြီးတော့…ဘလိုင်းကြီး ပျောက်သွားတယ်ဆိုတော့…နည်းနည်းတော့ စားတယ်ဗျာ။ တော၊ တောင်တွေက ဒီလိုပဲ L ။ ကို သော်ရားကတော့ ဘာတွေးနေလဲ မသိပါဘူးဗျာ။ အဲဒီအချိန်မှာဗျာ…
ဝါးရုံပင်ဘက် ဟိုဘက်ခြမ်း ဆီက အသံတွေကြားလာရတယ်။ “၀ုန်း၊ ဒိုင်း” “၀ရော” ဆိုပြီးလေ။ အဲဒီအပြင် လေတွေပါတိုက်လာတာ။ ကျွန်တော်တို့ နှစ်ယောက်က ၀ါးရုံပင်ကို ကျောပေးပြီးထိုင်နေတာဗျာ။ အဲဒီအချိန်ကြီး ဒီလို ထဖြစ်တော့ လန့်သွားတာပေါ့ဗျာ။ အဲဒါနဲ့ ချက်ခြင်း ၀ါးရုံပင်ကို မျက်နှာခြင်းဆိုင်လိုက်ရတယ်။ ကျွန်တော်က ဆောင်ဓါးကို ဆွဲထုတ်ပြီးပြီ။ ကိုသော်ရားကတော့ ကျွန်တော် အနောက်ရောက်သွားတယ် ဟီး။ ၀ါးရုံပင်တောက ကျွန်တော်တို့ အလယ်မှာဗျာ၊ အသံလာတာက ဟိုဘက်ခြမ်း၊ ကျွန်တော်တို့က ဒီဘက်ခြမ်းမှာ။ ကြားမှက ၀ါးရုံပင်ခံနေတယ်။ ၀ုန်း၊ ဒိုင်းဆိုတဲ့ အသံတွေက ၀ါးရုံပင်ကို ဦးတည်ပြီး လာနေတဲ့ အသံတွေနော်။ ဘာကောင်တောတိုးလာတာလဲ? ဒါမှ မဟုတ်၊ ငန်းပုတ်ကြီးပဲ လာနေသလား? တောကောင်တွေပဲ အချင်းချင်း ကစ်နေကြသလားပေါ့ဗျာ။ အတွေးကတော့ ပေါင်းစုံပါပဲ။ ကြောက်လည်း ကြောက်လာတယ်။ ဟုတ်တယ်လေ။ ဒါတောကြီးဟာကို ပြောလို့ရတာမဟုတ်ဘူး။ အဲဒီဝါးရုံထဲက ဘာကောင်ထွက်လာ၊ ထွက်လာ ကျွန်တော်က ခုတ်မှာ။ အဲဒီ အသံကဗျာ…တစ်ဖြည်းဖြည်းနဲ့ အရှိန်ပြင်းလာပြီး နောက်ဆုံး ၀ါးရုံပင်ကို ပစ်ဆောင့်ထည့်လိုက်တဲ့ အသံမျိုးဗျာ “အုန်း” ခနဲ နေတာပဲ။ ၀ါးရုံပင်တောင် တော်တော်လှုပ်သွားတယ်။ (အဲဒီနေ့က မြင်ခဲ့ရတဲ့ မြင်ကွင်းကို ခုရေးရင် ခုတောင် ကြက်သီးထပါတယ်ဗျာ)။ ကျွန်တော်ကတော့ ၀ါးရုံပင်လှုပ်သွားတာနဲ့ အနောက်ကို ပြေးဆုတ်လိုက်တာ။ ဘာကောင်များ ထွက်လာမလဲလို့လေ။ သေသေချာချာ အာရုံစိုက်ပြီး ကြည့်နေတာ။ ဘာကောင်မှ မထွက်လာဘူးဗျ။ သိလား။ ၀ါးရုံပင်တွေပဲ ယိမ်းတိမ်း၊ ယိမ်းတိမ်းနဲ့။ အဲဒါနဲ့ ဘာဖစ်တာလဲဟင် လို့မေးပြီး ကိုသော်ရားကို လှည့်ကြည့်လိုက်တော့… သူက ဘယ်လိုဖစ်နေတယ်ထင်တုန်း။ မြေပြင်မှာ ပက်လက်လေးလှန်လို့…ရင်ဘတ်ကိုလည်း လက်နဲ့ ဖိထားပြီး… အသံတုန်တုန်နဲ့…ဒီလိုလေးပဲ ပြောနိုင်တယ်။
“တော ခြောက်တာ၊ တော၊ တော ခြောက် တာ…” သူက အဲဒီလိုလည်း ပြောရော။ ကျွန်တော် စိတ်တော်တော် တိုသွားတယ်။ ဘယ်နှယ့်ဗျာ။ ဟုတ်လည်း ဟုတ်ပါတယ်။ တော်တော်လည်း ကြမ်းပါတယ်။ အဲဒီလောက်ကြမ်းကြမ်း အသံပေးပြီးရင်တော့ အကောင်ကြီးကြီး တစ်ကောင်လောက် ထွက်လာသင့်တယ် ထင်တယ်ဗျ နော့။ အခုဟာက သက်သက်ဗျာ လူကို စိတ်ပူအောင်လုပ်ပြီး…သူက ငြိမ်နေတယ်ဆိုတော့ … ဟင့် ဒီတောက သိပ်တော့ မဟုတ်သေးဘူး။
အဲဒီမှာ ကျွန်တော်လည်း ဘာဖြစ်သွားလဲ မသိပါဘူး။ ဓါးသိုင်း နှစ်ကွက်လောက် ကပြီး ၀ါးရုံတောထဲကို ပစ်ဝင်သွားပြီး ငှက်ကြီးတောင်နဲ့ လိုက်ပိုင်းပစ်လိုက်တာ နည်းတာမဟုတ်ဘူး။ ၀ါးပင်တွေကုန်သွားတယ် ဟီး ။ ပါးစပ်ကလည်း…ဒီလို ပြောနေသေးတယ်။
“ငါ -ိုးမတော၊ -ီးတော၊ အသံပေးပြီး ငြိမ်နေတယ်။ ဟုတ်လား။ ဟုတ်လား၊ -ီး တော ခြောက်ပါလား” ဆိုပြီး ခုတ်တာ ဆိုပဲ။
အဲဒါကို ယုန်သားဟင်း သွားသယ်လာတဲ့ ညီအကိုတွေက တွေ့တော့ ပြန်ပြောပြတာ။ အဲဒီဝါးရုံပင်ကို ခုတ်နေတဲ့ အချိန်မှာ ကျွန်တော် အသိစိတ်ရှိတာမဟုတ်ဘူး။ ကြောက်ပြီး ခဏ လွှတ်သွားတာလည်း ဖစ်နိုင်တယ် ဟီး ။ ညီအကိုတွေ တွေ့တဲ့ အချိန်မှာ ကိုသော်ရားက ပက်လန်လေးလှန် အိပ်ပြီး ကျွန်တော်က ၀ါးရုံတောထဲမှာ ဓါးသိုင်းကနေတော့ ဘာများ ဖြစ်သလဲဆိုပြီး ပြေးလာကြတာတဲ့။ ဒီလိုနဲ့ ဖြစ်ကြောင်းကုန်စင်ကို သိသွားတော့ ကိုသော်ရားကို ထမ်းတဲ့ လူက ထမ်းပေါ့ဗျာ။ ကျွန်တော်ကို ကျတော့ ဘယ်လို တားရတယ်ထင်တုန်း။ ဘယ်သူမှလည်း ၀ါးရုံတောထဲ ၀င်မလာရဲဘူးလေ။ ဓါးနဲ့ လိုက်ရမ်းနေတာကိုး။ အဲဒါ အကိုအကြီးဆုံးက ကျောကုန်းကို သူလေးဂွနဲ့ အားကုန်ဆွဲပစ်ထည့်လိုက်တော့မှာ ကျွန်တော်လည်း သတိဝင်လာတယ် ဟီး ။ သတိဝင်လာတော့လည်းဗျာ။ အိမ်မက်က နိုးသလိုလို၊ ဘာလိုလိုနဲ့။
ငါခုန မူးပြီး အိပ်ပျော်နေတာမလား၊ ခုဘယ်လိုဖစ်လို့ ဒီဝါးရုံတောထဲ ရောက်နေရတာလဲပေါ့ဗျာ။ ။ အကိုတွေက နောက်မှ ပြန်ပြောကြတာ။ ၀ူး…မလွယ်ပါဘူးဗျာ။ တောထဲ၊ တောင်ထဲ သွားရတာ ။

ကျွန်တော်နဲ ရာဘာခြံအတွေကြုံ ။အပိုင်း(၂)
“ဧက (၂၀) ဆိုတာ နည်းတာမှ မဟုတ်တာ။ ဒီတော့ ရှိသမျှ….တောတိရိစ္ဆာန်နဲ့ နာနာဘာဝ အပေါင်းက ကျွန်တော်ခြံထဲ လာခိုအောင်းနေကြပီလားတောင် မသိတော့ပါဘူးဗျာ။ ။ ဒီလိုတွေးမိရင်တော့ ငိုချင်တယ်။ ဟင့် “….
ဒီလိုနဲ့ ကျွန်တော်တို့ အလုပ်သမားတွေ ထမင်းစားတတ်လာတဲ့ အချိန်ထိ စောင့်ကြတယ်။ အလုပ်သမားတွေကလည်း လာတော့လည်း နေ့စားရှင်းခကို ယူပြီး ဒီလိုလေးတွေ ပြောသဗျှ။ ကျွန်တော်ညီက သူတို့ကို တောထပ်ရှင်းခိုင်းတယ်။
သူ့ အကွက် တောအဲဒီလောက်မရှိတော့ဘူး။ ပေါင်းပင်၊ ပေါင်းမြက်လေးတွေလောက်ပဲ ရှိတာပါ။ ဒါပေ့မယ် လူကြီး ခါးလောက်ရောက်တော့မယ်။ အဲဒါကို ပုဒ်ဖြတ်ပေးပြီး ရှင်းခိုင်းတာ။ ဒါလေးလုပ်တာကို အလုပ်သမားတွေက ဈေးစကားကို ဒီလိုပြောတယ်ဗျာ။ သူတို့က တစ်ပင်ခြားကို ငါးဆယ် လောက်တောင်းချင်တယ်။
(တစ်ပင်ခြားဆိုတာက ဒီလိုဗျာ။ ရာဘာခြံစိုက်ရင် ဒီလိုစိုက်တယ်။ ၂၀/၁၀၊ ၁၈/၁၀ စသဖြင့်ပေါ့ဗျာ။ အဲဒါကဘာလဲဆိုတော့ ၂၀/၁၀ စိုက်ရင် တစ်ပင်နဲ့ တစ်ပင် တောင်နဲ့ မြောက်ကို ပေ ၂၀ ခြားစိုက်မယ်။ အရှေ့နဲ့ အနောက်ကို ၁၀ ပေ။ ဒီလိုပေါ့ဗျာ။ ၁၈/၁၀ ဆိုရင်လည်း ဒီလိုပဲ။ ပုဒ်ဖြတ်ပေးမယ်ဆိုရင် တစ်ပင်ခြား (50)ကျပ်။ (100) ကျပ် ဒီလိုတွေ ဈေးဖြတ်ကြတယ်။ ဧက ၂၀ ဆိုရင် အပင်လေးထောင်ကျော် ၀င်တယ်ဗျာ။ အဲဒီတော့ တစ်ပင်ကို 50 နဲ့ တွတ်ဗျာ။ အပင် လေးထောင်ကျော်ဆိုတော့ = ? ဒီလိုလေးတွေ သွားတယ်ခင်ဗျ။ ဒါက ဗဟုသုတ အဖြစ်တင်ပေးတာပါ )
တစ်ပင်နဲ့ တစ်ပင်ကြားမှာ ရှိတဲ့ အပင်၊ မြက်တွေကို အပြောင်ခုတ်ချင်တာပေါ့နော်။ တောကလည်း ခုတ်ပြီးသားဆိုတော့ ကျွန်တော်ညီက 35ကျပ်လောက်နဲ့ စစ်တယ်။ အဲဒါကို အလုပ်သမားတွေက ဒီစကားပြောတယ်ဗျ။
“ကျော်ကျော်အောင်ရာ ငါတို့က မင်းနဲ့ တွဲလုပ်လာတာ ကြာပါပြီကွာ၊ မင်း (၁၀၀)ပေးတယ်ဆိုရင် ၁၀၀တန်အောင်ခုတ်ပေးရမှာပေါ့၊ မင်း (၅၀) ပေးတယ်ဆိုရင် (၅၀) တန်ပေါ့ကွာ” တဲ့။ ကျွန်တော်ညီကတော့ ဒီအလုပ်သမားတွေနဲ့ အပါးဝနေပြီဆိုတော့ဗျာ။ သူက ဘာမှတော့ ပြန်မပြောဘူး။ ဒါပေ့မယ် ကျွန်တော်စိတ်ထဲကတော့
“ဟ။ ဒီက အလုပ်သမားတွေ ငါ့ပန်းခြံက အလုပ်သမားတွေနဲ့ မတူပါလား” လို့ တွေးလိုက်မိတယ်။ ဟုတ်တယ်ဗျ။ ဒီက အလုပ်သမားတွေ တော်တော်လေး အလုပ်သမားပါးဝကြတယ်။ အလုပ်ရှင်ထက် နှစ်ကွက်လောက် ရှေ့ ကိုပိုမြင်ကြတယ်။
အလုပ်ရှင်က ညံ့ရင်တော့ ခံပေရော့ပဲ ။ ကျန်တဲ့ အလုပ်သမားတွေက ၀င်ပြောသေးတယ်။ တစ်ပင်ကို ၂၀ ပေးရင်လည်း ရတယ်နော်တဲ့။ ၂၀ တန်အောင်လည်း ငါတို့ ခုတ်တတ်တယ်တဲ့။ အဲဒီစကားက ရွှဲ့ တာဗျ။ သိသာတယ်။ ကျွန်တော်ကတော့ ဒီအလုပ်သမားတွေကို တော်တော်လေး လက်လန်သွားတယ်။ လန့်လည်း လန့်တယ် ။ သူငှေးမွှဲပေါက်ဖော်မဲ့ ဟာတွေ ဟီး ။
အလုပ်သမားတွေနဲ့ စကားပြောပြီးနောက် ကျွန်တော် ခြံကို ကြည့်ချင်တာနဲ့ ထွက်လာခဲ့တယ်။ ခြံက နည်းနည်းတော့ လမ်းလျှောက်ရတယ်ဗျ။ ကျွန်တော်ခြံ အစပ်က စပြီး အတတ်ကြီးပဲ။ ကျွန်တော်ခြံထဲမှာ ရှိတဲ့ တောင်ကုန်းတွေက ဒီအနီးအနား တစ်ဝှိုက်မှာရှိတဲ့ တောင်ကုန်းတွေထက် မြင့်တယ်ဗျာ။ ပြီးတော့ တော်တော်လေးလည်း မတ်တယ်။ ။ အဆင်း၊ သတိ၊ အတတ်၊ သတိပဲ။ မဟုတ်ရင် ရှဲတွေ ကျွတ်ကုန်မယ်။ ဒီလိုနဲ့ တတ်လာပြီးတော့ ကျွန်တော်ခြံထဲကို ရောက်တယ်ဆိုပါတော့ဗျာ။ ကျွန်တော်ညီကလည်း အနောက်က လိုက်လာတယ်။ သူက ဆိုင်ကယ်ကို အတင်းစီးချလာတယ်ဗျာ။ ခြံက လူသူ အရောက် အပေါက်သိပ်မရှိတော့…. လမ်းဆိုတာကလည်း သိပ်မရှိဘူး။ တောပိတ်နေတာ။ အဲဒီတော့ ဆိုင်ကယ်နဲ့ သူနဲ့က အနောက်မှာ ကျန်ခဲ့ပြီး။ ရှေ့ သုတ်သုတ်၊ သုတ်သုတ်နဲ့ တတ်သွားတဲ့ ကျွန်တော်ကို မမှီတော့ဘူး။ ဒီတော့ လူချင်း ကွဲသွားယော။ ကျွန်တော်ကလည်း ကို ပြည့်ဝင်း သုတ်ကိုင်းထောင်တိုင်း ၀င်နေတဲ့ တောတိုးလမ်းလေးအတိုင်း ၀င်လာခဲ့ရတယ်။ သတိကလည်း ထားနေရတယ်ဗျ။ ဟိုကိုပြည့်ဝင်းဆိုတဲ့ လူက မုဆိုးတစ်ပိုင်း၊ ဟိုမှာ သုတ်ကိုင်းထောင်၊ ဒီမှာ သုတ်ကိုင်းထောင်နဲ့ …. ကိုယ်ကို မိနေမှာလည်း ကြောက်နေရသေးတယ်။ ဒီလိုနဲ့ တစ်ဖြည်းဖြည်း တိုးဝင်လာရင်း လက်ကလည်း ဓါးမတစ်လက်နဲ့ လမ်းဖေါ်လာတယ်။ အကြမ်းပါ။ နောက်လည်း တောတိုးစရာရှိရင် အလွယ်တစ်ကူ တိုးလို့ရအောင်လေ။
ဒီလိုနဲ့ ရှေ့က ခြုံတွေ ပိတ်နေရင်၊ ခြုံတွေခုတ်။ ၀ါးရုံပိတ်နေရင် ၀ါးရုံခုတ်၊ နွယ်ပိတ်နေရင် နွယ်ပင်တွေ ဖြတ်ချပေါ့ဗျာ။ လုပ်လာတာ ကျွန်တော်ညီရဲ့ ဆိုင်ကယ်သံနဲ့ တော်တော်လေး ဝေးဝေးကို ရောက်နေပြီ။ ဒီကောင်ကိုလည်း စောင့်ခေါ်နေရသေးတယ်။ တောထဲမှာ ကိုယ်က လမ်းမကျွမ်းဘူး။ လူချင်းကွဲရင် တိုင်ပတ်ကုန်မှာဆိုးလို့ပါ။ ဒီလို ခုတ်လာရင်း၊ ခုတ်လာရင်းနဲ့ တစ်နေရာအရောက်ဗျာ… လမ်းကို ပိတ်နေတဲ့ ၀ါးရုံတော တစ်တောကို တွေ့လိုက်တယ်။ ၀ါးရုံတောကလည်း သေးသေးလေးပါ။ ငါးပင်၊ ခြောက်ပင် လောက်ပဲ ရှိတယ်။ ပြီးတော့ နည်းနည်းသေးတယ်။ ၀ါးနုလေးတွေပေါ့။ ကျွန်တော်က ရှုပ်တယ်ကွာ၊ လမ်းပိတ်နေတယ်။ ဆိုပြီး ဓါးမနဲ့ အဲဒီဟာတွေ အကုန်လုံး အမြစ်လောက်ကနေ ပိုင်းချလိုက်တယ်။ ပြီးတော့ လမ်းရှင်း သွားပြီးဆိုပြီး ဆက်တိုးဖို့ အလုပ်မှာ သစ်ပင် တစ်ပင် ခံနေတယ်ဗျာ။ ၀ါးရုံနောက်မှာလေ။ ကိုယ်တောင် လန့်သွားတယ်။ ဟ… ခုနမရှိပါဘူး။ အခုမှ ဘယ်က ဘယ်လိုရောက်လာတာလဲ ဆိုပြီး။ သေသေချာချာကြည့်လိုက်တော့ သစ်ပင်အရောင်က တစ်မျိုးဗျ။ ညိုပုပ်ပုပ်နဲ့ ပြီးတော့ အစင်းကြောင်းတွေလည်းပါတယ်။ ပြောင်ပြီးတော့ လက်လက်ထနေတာပဲ။ နည်းနည်းလည်း လှုပ်နေတဲ့ သဘောရှိတာနဲ့ ။
“ဟ နွယ်ရှင်လား.. မသိဘူး” ဆိုပြီး မော့ကြည့်လိုက်တာဗျာ။ လူက လန့်ဖြန့်ပြီး သေးတွေ တစ်ဖြန်းဖြန်းထွက်ကုန်
ပါယောလား။
“မြွေ” ဗျ၊ “မြွေ”။ နည်းတာကြီး မဟုတ်ဘူးဗျ။ ဒီလောက်ကြီးတဲ့ မြွေမျိုး ကျွန်တော် တစ်ခါမှ ဒီလို မတွေ့ဘူးဖူး။ ရင်လည်း ရင်မဆိုင်ဘူးဖူး။ အဟုတ်ပြောတာ။ ဒီကောင် ကျွန်တော်ကို မိုးထားတာနော် အပေါ်ကနေ၊ ပါးပျဉ်းထောင်ပြီး ကြည့်နေတာ။ ကျွန်တော်ထက် ခေါင်းနှစ်လုံးလောက်မြင့်တယ်ဗျာ။ လျှာကလည်း တစ်လစ်၊ တစ်လစ်နဲ့။ အပီ အပြင် နေရာယူထားတာ သူက။ ပေါက်လိုက်ရင်တော့ ငယ်ထိပ်ပဲ။ ကျွန်တော်ကလည်း ရုတ်တရက်ဆိုတော့ ဘာလုပ်ရမှန်း မသိဘူးဗျာ။ ဒီမြွေက “၀ုန်း၊ ၀ုန်း” ဆိုပြီး ကိုယ့်အနား ရောက်လာတာလည်း မဟုတ်။ အသံမပေး၊ ဘာမပေးနဲ့ဗျာ။ ဘယ်လိုမြွေမှန်းကို မသိဘူး။
အဲဒီလိုနဲ့ ကြက်သေသေနေတာ။ မြွေကလည်း သု့ခေါင်းလေးကို ဘယ်ယိမ်းလိုက်၊ ညာယိမ်းလိုက်နဲ့…အပီအပြင် ကျွန်တော်ကို ရှိုးနေတာ။ ကျွန်တော်ကလည်း သူ့ကိုမော့ကြည့်ပြီး ဓါးမကို ပက်လက် ကိုင်ထားတာ။ ဟုတ်တယ်လေ။ သူပေါက်ရင်တော့ သေမှာပါပဲ။ ဒါပေ့မယ် လုပ်လို့ ရလို၊ ရငြားပေါ့ဗျာ။ ဓါးမနဲ့ အပေါ်ကို ပင့်ပြီး ခုတ်ချမလို့။ အဲဒါကတော့ စဉ်းစားထားပြီးသား။ ခက်တာက ကျွန်တော် ငယ်ငယ်ခလေးကတည်းက မြွေမသတ်ဖူးခင်ဗျ။ သူတို့ကို တွေ့ရင်လည်း ကိုယ်က ရှောင်ပြေးတာပဲ။ ကိုယ်မရှောင်လည်း သူတို့ ရှောင်သွားတာ။ ဒီလိုမျိုးချည်းတော့ ဒဲ့လေ။ တစ်ခါမှ မတွေ့ဖူးဘူး။
အခုဟာက ကျွန်တော် နောက်လှည့်ပြီး ရှောင်ထွက်လို့လည်း မရလောက်ဘူး။ ကိုယ့်နောက်ကျောကို တီးထည့်လိုက်မှ ဟုတ်ပေ့ ဖြစ်နေမယ်။ အဲဒါကြောင့် ဒီအတိုင်းရပ်နေတာ။ အဲဒီမြွေနာမှုတ်နဲ့ လေကလည်း ကျွန်တော် မျက်နှာပေါ်တောင် လာရိုက်တယ်ဗျာ။ ကဲ စဉ်းသာ စဉ်းစားကြည့်ကြတော့။ ဘယ်လောက် နီးနေလဲဆိုတာ ။
အဲဒီလို ဖြစ်နေတုန်း ကျွန်တော်ညီက အနောက်ကနေ ဆိုင်ကယ်ဟွန်းကို အသေတီးပြီး ရောက်လာတယ်။ ပါးစပ်ကလည်း
“ကိုဇူးရေ။ ကိုဇူး” ဆိုပြီး အော်လာတာ။ သူ အော်သံကို ကျွန်တော် ကြားတယ်။ ပြန်မထူးရဲတာ။ လူက မလှုပ်ရဲဘူး။ လှုပ်တာနဲ့ တီးမှာ သိနေတယ်။ အဲဒီလိုနဲ့ ကျွန်တော် ညီပါရောက်တယ်။ သူနဲ့ကတော့ ခပ်လှမ်းလှမ်းပေါ့ဗျာ။ သူကလည်း ကျွန်တော်နဲ့ မြွေကြီးနဲ့ နှစ်ပါးသွားဇာတ်လမ်းကို မြင်တော့ ကြက်သေသေသွားတယ်။ ကျွန်တော်ကတော့ သူ့ကို လှည့်တော့ မကြည့်ပါဘူး။ လက်လေးနဲ့ပဲနောက်ကို ငြိမ်ငြိမ်နေဆိုပြီး ပြလိုက်ရတယ်။ သူကလည်း အထာပေါက်တယ်။ ရပ်ကြည့်နေတယ်။ ဆိုင်ကယ်ပေါ်ကို ခွလျက်သားကြီးနဲ့ လေ။ မြွေကြီးကလည်း သူ့ကို ကြည့်လိုက်၊ ကျွန်တော်ကိုကြည့်လိုက်နဲ့။ အမူအယာကတော့ လုံးဝမလုပ်ဝူးနော်။ ခေါင်းလေးပဲ ယိမ်းတိမ်း၊ ယိမ်းတိမ်းလုပ်နေတာ။ ကျန်တဲ့ နေရာ ဘာမှ မလှုပ်ရဲဘူး သူလည်းလေ။ လှုပ်တာနဲ့ အနော်ကလည်း ခုတ်ပြီးသား ဟီး ။
အဲဒီလို ဖြစ်နေတဲ့ အချိန်မှာဗျာ။ ကျွန်တော်အာရုံထဲမှာ ဘုရားစာရွက်ရမယ်လို့ အသိတစ်ချက်ဝင်လာတယ်။ ဟုတ်တယ်။ ကျွန်တော် ရွတ်နေကြဂါထာတွေပါပဲ။ အဲဒါကလည်း ကျွန်တော်ခြံထဲကို စတတ်လာကတည်းက အဲဒီဂါထာတွေ ရွတ်လာတာ။ ပါးစပ်ကလည်း ရွတ်နေတယ်။ လက်ကလည်း ကားယား ကားယား၊ ဟို အပင်ခုတ်။ ဒီအပင်ဖျက်နဲ့ လာနေတုန်း “ဗြန်း” ဆို ဒီငနဲသားမြွေနဲ့တိုးတော့ ဘုရားစာလည်း ဘယ်လွှင့်သွားမှန်းကို မသိဘူး။ အဲဒါနဲ့ စိတ်ကို တည်ငြိမ်အောင် ထိမ်းပြီး အစကနေ ပြန်ရွတ်နေရတယ်။ တော်တော်လေးကြာပါတယ်။ ရွတ်နေရင်းနဲ့လည်း စိတ်က
“နင့်လမ်း နင်သွားပါဟာ၊ ငါလည်း ငါ့လမ်း ငါ့သွားမှာပါ။ လစ်တော့နော်၊ လစ်နော်” ဆိုပြီး ချော့ ပြောနေရတာ ။ ဟုတ်တယ်လေဗျာ။ လူက အကြာကြီး မတ်တပ်ရပ်ရတော့…ညောင်းနေပြီ။ ပြီးတောင့် မြေပြန့်မှာ ရပ်ရတာမဟုတ်ဘူး။ တောင်စောင်းမှာရပ်နေရတာ။ ကိုယ့်အလေးချိန်လည်း ကိုယ်ထိမ်းထားရသေးတယ်။ ကျွန်တော်ညီကလည်း ဆိုင်ကယ်ကြီးခွပြီး အဲဒီအတိုင်းပဲ။ မလှုပ်ရဲဘူး။ ဟီး ။ အဲဒါကြောင့် ကျွန်တော်က မြွေကို လစ်ပါလို့ ပြောနေတာ။ သူမလစ်ရင် ကိုယ်ညောင်းလို့ သေလိမ့်မယ်။ ဟီး ။ ခဏလောက်ကြာတော့မှ မြွေကြီးက အနောက်ကို တစ်ဖြည်းဖြည်းချင်း ရွေ့တယ်။ သူက ထူးဆန်းတယ်ဗျ။ သူ လှုပ်လှုပ်ရှားရှား လုပ်လိုက်ရင် ကျွန်တော် ခုတ်ထည့်လိုက်မှာကို သိနေပုံရတယ်။ အဲဒါကြောင့် တစ်ဖြည်းဖြည်းခြင်း အနောက်ကို ဆုတ်သွားတယ်။ နည်းနည်းလှမ်းတော့မှ “၀ုန်း” ခနဲ ဆိုပြီး လစ်တာ။ မြွေလည်း လစ်ယော။ ကျွန်တော်တို့လည်း ယူတာ တစ်မုန်း၊ ပြောမနေပါနဲ့ ဗျာ။ အဲဒီနေ့က ကျွန်တော်ခြံတောင်စောင်းအဆင်းကို ဆိုင်ကယ် ဘယ်လိုမောင်းချလာလဲတောင် မသိတော့ပါဘူး။ ခြေတော်ရာကျေးရွာ ပြန်ရောက်တဲ အထိ ညီအကိုနှစ်ယောက်သား မောင်းချလာတာ။ ဆိုင်ကယ်ကလည်း လမ်းမှာ ကျည်ဆန်ကျနေတာပဲတဲ့။ ၀ှီ ခေါ်နေတယ်။ အဲဒါနောက်မှ လူတွေ ပြန်ပြောပြတာ။ ရှင်းရှင်းပြောရရင် ရွာထဲရောက်တဲ့ အထိ ကျွန်တော်တို့ အကြောက်မပြေသေးဘူး။ ပြီးတော့ ဒီနေ့ ထိပေါ့လေ။ ဆိုင်ကယ်ကို ဘယ်သူမောင်းလာခဲ့တာလည်းဆိုတာ ကျွှန်တော်တို့ နှစ်ယောက်လုံး တစ်ယောက်မှ မသိဘူး ဟီး ။ ကျွန်တော်ကလည်း ကျွန်တော် မမောင်းဘူးထင်တာပဲ။ ကျွန်တော် ညီကလည်း သူမမောင်းဘူးထင်တာပဲ တဲ့ ။
ရွာထဲကလူတွေကတော့ ကျွန်တော် မောင်းလာတာတဲ့။ လူတွေဘာတွေတောင် မရှောင်ပဲ ချလာဆိုပဲ။
ရွာထဲရောက်တော့ အဒေါ်အိမ်ဆိုင်မှာ ဆိုင်ကယ်ရပ်ပြီး နှစ်ယောက်သား စကားမပြောနိင်ပါဘူးဗျာ။ အသက်ကို မနည်းဝအောင်ရှူနေရတယ်။ မိုးရွာနေတာတောင် ချွေးတွေ စို့နေသေးတယ်။ အဟုတ်။ အဲဒါ အဒေါ်က နွားနို့ဖျော်ပေးတယ်။ ပြီးတော့မှ ဘာဖြစ်လာတာလဲ၊ ဘာညာပေါ့နော်။ ကျွန်တော်တို့လည်း ဖြစ်လာသမျှ ပြောပြလိုက်ရတယ်။ အဒေါ်တွေကတော့ ဆဲတာပေါ့ဗျာ။ အဲဒီခြံအကြောင်း နင်မသိပဲနဲ့။ နောက်တစ်ခါ နင်မသွားနဲ့။ ရွာကလူတွေခိုင်းပေါ့။ နင်တစ်ခုခု ဖြစ်သွားရင် နင်တို့ အမေက ငါတို့ကို ပြောမှာ၊ ဘာညာနဲ့ပေါ့ဗျာ။ ဆူ ၊ ဟောက်တာပေါ့။
ခက်တာက သူမသွားနဲ့ ဆိုတိုင်း မသွားလို့ရမလားဗျ။ အဲဒါ သူ့ခြံမှ မဟုတ်တာ။ ကျွန်တော်ခြံဟာကို။ ကျွန်တော်မသွားရင် အကုန် ကမောက်ကမ ဖြစ်မှာပေါ့။ အပင်စိုက်တာတွေ ဘာတွေ ပြောပါတယ်။ ။ ဒီလိုနဲ့ ရွာထဲမှာ နှလုံးငြိမ်တဲ့ အချိန်ထိ နေပြီးနောက်မှာတော့ ကျွန်တော်တို့ ရွှေကျင်ကို ပြန်လာခဲ့လိုက်တယ်။ အဲဒီညကတော့ အိပ်လို့ ကောင်းသဗျ။ ခလူး၊ ခလောနဲ့…. တစ်ရေးပဲ ။
နောက်တစ်နေ့ မိုးလင်းတော့ ကျွန်တော်တို့ မနေ့က တောင်ပေါ်ခြံမှာ မြွေနဲ့ ပက်ပင်းတိုးတဲ့ အကြောင်းကို ဦးလေးကို ပြောပြလိုက်တယ်။ အဲဒီမြွေကြီး ရှိနေတာ ဦးလေးက အစကတည်းက သိပါတယ်။ သူကလည်း အဲဒီမြွေအကြောင်းကို ဒီလိုပြောပြတယ်ဗျ။
“အဲဒီကောင်က ငန်းပုတ်ကြီးကွ။ နင့်အကွက်(ခြံ) ဟိုဘက်မှာ ဧက (၅၀၀) လုပ်ထားတဲ့ အကွက်တစ်ခုရှိတယ်။ အစက ဒီကောင်က အဲဒီမှာနေနေတာ။ ဧက (၅၀၀) ကို တောရှင်းတော့ အလုပ်သမားတွေက ဒီကောင်ကို တွေ့ကြတာ။ ခွေနေတာများကွာ လှည်းဘီးဝိုင်းလောက်ရှိတယ်။ အဲဒါ ၀ါးရင်းတုတ်တွေနဲ့ ၀ိုင်းသမကြတာပေါ့ကွာ။ ဒီကောင်က ဖြုံတောင် မဖြုံဘူးကွာ။ အလုပ်သမားတွေလည်း ဘယ်လောက်ရိုက်ရိုက် မြွေက မဖြုံတော့ သူတို့လည်း ကြောက်လန့်ပြီး ထွက်ပြေးသွားကြတယ်။ နောက် အဲဒီအကွက်ကို မီးရှို့လိုက်တော့မှ ဒီကောင်ကြီးက နေရာရွှေ့သွားတာ။ အခုတော့ နင့်အကွက်၊ ငါ့အကွက် အဲဒီတောင်ပေါ်ခြံ အနီးအနားက အကွက်တွေမှာ လျှောက်လစ်နေတာပဲကွာ။ လူတွေနဲ့တော့ ထိပ်တိုက် သိပ်မတိုးတတ်ဘူး။ နင်နဲ့ တိုးတာ ပထမဦးဆုံးပဲ။ နင့်ကို Welcome လုပ်တာလည်း ဖြစ်မှာပေါ့” တဲ့။
ဦးလေးက နောက်ပြီး ပြောလိုက်တာပါ။ ဒါပေ့မယ် ကျွန်တော်က အသေလန့်သွားတယ်။ ဟုတ်တယ်လေ။ Welcome ကလည်းဗျာ။ သေချင်စော်ပါ နံသွားတယ်။ ဟီး ။ ပြေးလိုက်ရတာ တစ်မုန်း ။ ဒီငန်းပုတ်မြွေနဲ့ ပတ်သတ်ပြီး ရွာထဲက လူတွေကလည်း ပြောကြတယ်။ အစောင့်ဖြစ်မယ်၊ ဘာညာပေါ့ဗျာ။ အမှန်ကတော့ သူဘာသူ အစောင့်ပဲ ဖြစ်ဖြစ်၊ ဘာပဲ ဖြစ်ဖြစ်ပါဗျာ။ အန္တရာယ်ရှိတာတော့ အမှန်ပဲ။ ကိုယ်တွေက နေ့စဉ်သွားလာနေရမှာ။ အဲဒီခြံကိုလေ။ ဒီတစ်ခေါက်တွေ့တာ သူပြေး၊ ကိုယ်ပြေး ပြေးလို့ရပေ့မယ်။ ကံဆိုတာ နှစ်ခါမကောင်းတတ်ဘူးလေဗျာ။ ဟင့်။ နောက်တစ်ခေါက် တွေ့တဲ့ အချိန် သူဗိုက်ထဲ မရောက်ဘူးလို့ ဘယ်သူ အာမခံနိုင်တုန်း ဟင့် လေဒယ်ဗျာ။ ။ ဘာပဲ ပြောပြော ကျွန်တော်ကတော့ ဒီမြွေကြီးကို တောင်ပေါ်ခြံ တတ်တိုင်း အမြဲ မေတ္တာပို့ပေးနေလိုက်တယ်။
“ငါလုပ်သမျှ ကုသိုလ် နင်ယူ၊ နင်လည်း ရပါစေ။ နင့်ကိုလည်း မတွေ့ပါစေနှင့်” လို့လေ။ ဟီး ။ အဲဒီလိုလုပ်လိုက် ကတည်းက ဒီမြွေနဲ့ ထပ်မတိုးတော့ပါဘူး။ နောက်ပိုင်း တောင်ပေါ်ခြံ တတ်တိုင်းလေ။