_
ကယ်တင်ရှင် အရေိကန်တစ်ဦး၊ ရုရှားတစ်ဦး၊ဂျပန်တစ်ဦးနှင့် တရုတ်တစ်ဦး ကောင်းကင်ဘုံသို့ရောက်လာသည်။ဘုံအ၀င်မုခ်ဝတွင်စိန့်ပီတာနှင့်တွေ့သည်။ စိန့်ပီတာ။ ။ဘယ်သူ့ကိုအရင်ဝင်ခွင့်ပေးရမှာလဲ။ကိုင်း....ခင်ဗျားတို့ကပဲ အရင်ဝင်ခွင့်ရသင့်တဲ့အကြောင်းပြချက်ပြောပြ။ကျုပ်စဉ်းစားမယ်။ ရုရှား။ ။အာကာသထဲကို အရင်ဆုံးတက်သွားခဲ့တာ ကျွန်တော်တို့ပါ။ဒါကြောင့်ကျွန်တော်အရင်ဝင်ခွင့်ရသင့်ပါတယ်။ အမေရိကန်။ ။လကမ္ဘာပေါ်ပထမဆုံးခြေချနိုင်ခဲ့တာ ကျွန်တော်တို့တွေပါဘဲစိန့်ပီတာဒါကြောင့်ဒီမှာလည်းကျွန်တော်ဘဲပထမဖြစ်သင့်ပါတယ်။ ဂျပန်။ ။ကျည်ဆန်ရထားဆိုတာကိုစသုံးခဲ့တာဂျပန်ပါခင်ဗျ။ကျွန်တော်အရင်ဝင်ခွင့်ရသင့်ပါတယ်။ တရုတ်ကနှုတ်ဆိတ်နေ၏။ တရုတ်ထံမှဘာသံမှထွက်မလာသဖြင့်စိန့်ပီတာကထပ်မေး၏။ စိန့်ပီတာ။ ။ကိုရွှေတရုတ်။အကြောင်းပြချက်ပေးလေဗျာ။ တရုတ်။ ။စိန့်ပီတာပဲကြိုက်သလို ဆုံးဖြတ်ပါ။သူတို့ကိုကျွန်တော်ကပဲ စရိတ်အကုန်ခံပြီးဒီကိုခေါ်လာတာ။စိန့်ပီတာလဲငွေလိုရင်ပြောပါ။အားမနာနဲ့ ဟင်း....ဟင်း။ source:The voice Jounal
0 Comments
|
ADMIN
နေမင်းသူ Archivesရေးခဲ့ပြီးသည့်ဟာသများ
All
|