_အသက်အားဖြင့်(၈၀)နီးပါး ကပ်လေပြီဖြစ်သည့် စာရေးဆရာအိုကြီးသည် ၄င်းအားလာရောက်ကန်တော့ကြကုန်သော တပည့်တို့နှင့် ဆုံသည့်အခါဝယ် . . . မမျှော်လင့်သော စကားတစ်ခွန်း ဆိုလိုက်သည့်အတွက်ကြောင့် အားလုံးအံ့အားတသင့် ဖြစ်သွားကြကုန်၏။
တပည့်များ ။ ဆရာကြီးရယ်. . . အသက်တွေလည်း ဒီလောက်ရှိနေပါပြီ။ ဆယ်ကျော်သက်ကတည်းက လက်တွဲလာခဲ့တဲ့ ဆရာကတော်ကို ကွာရှင်းချင်တယ် ဆိုတာတော့ မဖြစ်သင့် မဖြစ်ကောင်းဘူးလို့ ထင်ပါတယ်။ ဆရာကြီး ။ ငါ့တပည့်တွေ . . . မသိတာတွေ အများကြီးပါကွာ။ တပည့်များ ။ ဟုတ်တာတော့ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ ဆရာကြီးရယ်- ကျွန်တောတို့ကတော့ ဆရာကတော်နဲ့ ကွာရှင်းမယ့်ကိစ္စကို သဘောမတူဘူး။ နို့ . . . နေပါဦး . . .ဆရာကြီးက ဆရာကတော်ကို ဘာဖြစ်လို့ ကွာချင်တာတဲ့တုန်း။ ဆရာကြီး ။ အင်း . . . လိုရင်းကို ပြောရရင်ဖြင့် ငါမျက်စိမမှိတ်ခင်လေးမှာ နားအေးပါးအေး နေချင်လို့ပါကွယ်။ တပည့်များ ။ အယ် . ..။
0 Comments
|
ADMIN
နေမင်းသူ Archivesရေးခဲ့ပြီးသည့်ဟာသများ
All
|